မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂,၇၉၀.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂,၇၉၀.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ မေ ၂၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မေလ ၁၈ ရက်နေ့ ၁၈၄၅ အချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၇(A) x ၆၈(C)ကြား၊ ၃၈ x ၃၉ လမ်းကြား၊ အောင်သပြေလမ်းနေ သက်နိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၀.၄၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၆၁၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၁၉၃၀ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ နေတက် အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၃ x ၅၄ လမ်းကြား၊ ၁၁၂(F)လမ်းရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေတက် အားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဘိန်းဆီခဲ အလေးချိန် ၆.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၆၂.၅ သိန်း)နှင့် ဘိန်းစိမ်း အလေးချိန် ၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၈ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်နိုင်(၃၆)နှစ်နှင့် နေတက် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)