ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





ပေါင်၊ မေ   ၂၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမတွင် ပြုလုပ်ခဲ့ရာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်း‌အောင်က နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်နှင့်အညီ ၂၀၂၆ခုနှစ် ဧပြီလ(၂၀) ရက်နေ့မှစတင်ပြီး လုပ်ငန်းများစတင်ခဲ့ရာ

ဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းများကို အရှိန်အဟုန်မပျက် ရာနှုန်းပြည့်ပြီးစီးမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ တင်ပြပေးပါရန် နှင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများကကျေးရွာပြည်သူများ၏လိုအပ်ချက်များတင်ပြကြရန်အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများတင်ပြခဲ့သည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအလိုက် ပညာရေး၊ ကျန်းမာရေး၊ ရေစီးရေလာကောင်းမွန်စေရေး

၊ လျှပ်စစ်မီးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍တင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)