ဇွန် ၊ ဇူလိုင်ထဲမှာ ကမ္ဘာရေနံဈေးကွက်က အန္တရာယ်ဇုံထဲကို ရောက်သွားမယ်လို့ IEA အကြီးအကဲ ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇွန် ၊ ဇူလိုင်ထဲမှာ ကမ္ဘာရေနံဈေးကွက်က အန္တရာယ်ဇုံထဲကို ရောက်သွားမယ်လို့ IEA အကြီးအကဲ ပြော



မေ - ၂၂ ( သောကြာနေ့ ) 

အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ရောက်နေတဲ့ တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၁၄ သန်းကျော် ပြတ်တောက်နေတာက လာမယ့်ဇွန် ၊ ဇူလိုင် လထဲမှာ  ကမ္ဘာ့ရေနံဈေးကွက်က အန္တရာယ်ဇုန်သို့ ဝင်ရောက်နိုင်ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ အကြီးအကဲက သတိပေးခဲ့ပါတယ်။ 

အီရန်စစ်ပွဲရဲ့အကျိုးသက်ရောက်မှုနဲ့  ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ထားမှုတို့ကြားတွင် နွေရာသီ ရေနံဝယ်လိုအား မြင့်တက်နေချိန်တွင် ကမ္ဘာ့ရေနံဈေးကွက်သည် ပြင်းထန်သော အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ 

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ အမှုဆောင်ဒါရိုက်တာ ဖာတီဘိုင်ရို က လန်ဒန်ရှိ ချာသမ်ဟောက်စ် က  ဟောပြောပွဲတွင် ကမ္ဘာ့ရေနံဈေးကွက်သည် လာမည့်လများအတွင်း ထောက်ပံ့မှုအခြေအနေ မတိုးတက်ပါက အန္တရာယ်ဇုန်သို့ ရောက်ရှိသွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အီရန်နိုင်ငံတွင်း ပဋိပက္ခသည် စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း နဲ့ ဟော်မုဇ် ရေလက်ကြား ကို ထိထိရောက်ရောက်ပိတ်ဆို့နေခြင်းက အရှေ့အလယ်ပိုင်းကထွက်နေတဲ့ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၄ သန်းကျော်ကို စျေးကွက်မှ ဖယ်ရှားခြင်းခံလိုက်ရတဲ့အတွက် ကမ္ဘာ့ရေနံဈေး သမိုင်းတစ်လျှောက် အကြီးမားဆုံး ထောက်ပံ့ရေးအကျပ်အတည်းကို ဖန်တီးလိုက်သလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

စျေးကွက်တွင် ယခင်က ပိုလျှံသောရေနံများရှိခဲ့ပေမဲ့ IEA က မဟာဗျူဟာမြောက် အရန်ရေနံစည် သန်း ၄၀၀ ကိုထားရှိထားပေမဲ့ အဲ့ဒါကလက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေလျှော့ရန် မလုံလောက်သေးကြောင်း ဝန်ခံခဲ့ပါတယ်။

အရန်ရေနံတွေကို တစ်ရက်လျှင် စည်ပေါင်း ၃ သန်းနှုန်းဖြင့် ဈေးကွက်သို့ ထုတ်လွှတ်ပေးနေပါတယ်။ တွက်ချက်မှုအရ အဲ့ဒိအရန်ရေနံ ထုတ်ရောင်းပေးနေတာက ဩဂုတ်လမှာ ကုန်သွားမှာ ဖြစ်ပါတယ်။ IEA ခန့်မှန်းထားတဲ့ ၂၀၂၆ နှစ်လယ်မှာ အန္တရာယ်ဇုန်ထဲကို ရောက်မယ်ဆိုတဲ့ ကာလနဲ့ တိုက်ဆိုင်နေပါတယ်။ 

အကျပ်အတည်းအတွက် အရေးအကြီးဆုံးဖြေရှင်းချက်မှာ ဟောမုဇ်ရေလက်ကြားကို အပြည့်အဝနှင့် ချွင်းချက်မရှိ ပြန်လည်ဖွင့်လှစ်မှသာ ရမယ်လို့ ဘိုင်ရိုက အလေးပေးပြောကြားခဲ့သည်။ IEA သည် လိုအပ်ပါက နောက်ထပ်ရေနံသိုက်များ ထပ်မံထုတ်လွှတ်ရန် အဖွဲ့ဝင် ၃၂ နိုင်ငံလုံးနှင့် ညှိနှိုင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းကိုလည်း အတည်ပြုပြောကြားခဲ့ပါတယ်။ 

ရေနံတင်ပို့မှုကနေ ၀င်ငွေအဓိကထားနေရတဲ့ အီရတ်နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေက အရ အထူးစိုးရိမ်ရကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ သိုလှောင်မှု ကန့်သတ်ချက်များကြောင့် ရေနံတွင်းအချို့ကိုလည်း ပိတ်ထားခဲ့ရပါတယ်။ 

ဆော်ဒီအာရေးဗီးယား နဲ့  ယူအေအီးတို့လို နိုင်ငံတွေကတော့ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် ခေတ်မီနည်းပညာများပါရှိတာကြောင့် ထုတ်လုပ်မှုကို ပိုမိုလျင်မြန်စွာ ပြန်လည်ရယူနိုင်စွမ်းရှိပါတယ်။ 

လက်ရှိမှာ ဘရန့် ရေနံစိမ်းဈေးက တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၈ နဲ့ အရောင်းအဝယ်ဖြစ်နေပြီး စစ်ဖြစ်နေတုန်းက ၁၂၆ ဒေါ်လာထိပေါက်ခဲ့တာနဲ့ ယှဉ်ကြည့်ရင်တော့ ကျသွားတယ်ဆိုပေမဲ့ စစ်မဖြစ်ခင်က တစ်စည်လျှင် ၇၀ဒေါ်လာ အထက်တွင် ရှိနေပါသေးတယ်။


REF: The Nation

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)