အမေရိကန်ကို ထွက်ပြေး ရောက်ရှိနေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကြား ဂယက်ရိုက်သွားစေတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ၂၂-၅-၂၀၂၆ ရက်နေ့ က အမေရိကန်ရောက် ပြည်ပြေးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒီကိစ္စကို အသားပေး ရေးသားဖော်ပြနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ကို အရောက်ပြေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အမိမြေကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ခဲ့တဲ့ ပြည်ဖျက်မိစ္ဆာတွေဟာ မိခင်နိုင်ငံကို ပြန်ရမယ်ဆိုတဲ့ အချက်ဟာ ငရဲအိုးထဲကို ဇော်ထိုး နှစ်ချလိုက်သလို ခံစားရလို့ပါပဲ။
ပြည်ပြေး တစ်ဦး ရေးသားထားတာက " ဒီနေ့ သတင်းထူး၊ သောကြာနေ့ - အမေရိကန်တွင်နေထိုင်သော Temporary visa holders ယာယီဗီဇာကိုင်ဆောင်ထားသူများနှင့် Humanitarian parolees လူသားချင်းစာနာထောက်ထားမှုဖြင့် အမေရိကားကို ဝင်လာသူတို့သည် မိခင်နိုင်ငံများကို ပြန်ပြီး အမြဲတမ်းနေထိုင်ခွင့် Green-card လျှောက်လွှာများကို လျှောက်ထားရမယ်လို့ ညွှန်ကြားချက်တစ်ရပ်ကို အစိုးရက ထုတ်ပြန်ပါတယ်" လို့ ရေးသားဖော်ပြထားပါတယ်။
အမေရိကန်အစိုးရက အမေရိကန်နိုင်ငံသို့ ယာယီဗီဇာဖြင့် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအနေဖြင့် အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားလိုပါက ၎င်းတို့၏ မိခင်နိုင်ငံများသိုပြန်ပြီး လျှောက်ထားရမည်ဟု သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ယခုလုပ်ဆောင်ချက်သည် လက်ရှိကျင့်သုံးနေသည့် တရားဝင် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။
အဆိုပါမူဝါဒသည် Green Card လျှောက်ထားမှုများတွင် ဟာကွက်များရှိနေသည့် နည်းလမ်းများမှတစ်ဆင့် အမေရိကန်တွင်ရှိနေချိန်တွင် လျှောက်ထားခွင့်ပြုမည့်အစား၊ ပုံမှန်လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားပါတယ်။ “အမေရိကန်နိုင်ငံမှာ ယာယီရောက်ရှိနေပြီး Green Card လျှောက်ထားချင်တဲ့ ပြည်ပနိုင်ငံသားတွေဟာ Green Card လျှောက်ထားဖို့အတွက် သူတို့ရဲ့ မိခင်နိုင်ငံတွေဆီကို ပြန်ရပါမယ်။ ဒီမူဝါဒဟာ ကျွန်တော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဥပဒေက ရည်ရွယ်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး စနစ်ရဲ့ ဟာကွက်တွေကို အခွင့်ကောင်းယူတာမျိုးကို တားဆီးပေးမှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က X လူမှုမီဒီယာတွင် ဖော်ပြခဲ့ပါတယ်။
မေ ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်အသစ်တွင် အမေရိကန်နိုင်ငံအတွင်း ရှိနေချိန်တွင် အမြဲတမ်း နေထိုင်ခွင့် ရယူခြင်းသည် အလိုအလျောက် ရရှိနိုင်သည့် အခွင့်အရေးတစ်ခု မဟုတ်ဘဲ အခြေအနေအပေါ် မူတည်၍ ခွင့်ပြုပေးနိုင်သည့် ခံစားခွင့်သာဖြစ်ကြောင်း အမေရိကန် နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆိုင်ရာဌာန (USCIS) က ပြောကြားထားပါတယ်။
လူဝင်မှုကြီးကြပ်ရေး အရာရှိများအနေဖြင့် လျှောက်လွှာများကို တစ်ခုချင်းစီအလိုက် သုံးသပ်အကဲဖြတ်သင့်ကြောင်း USCIS က မှတ်ချက်ပြုခဲ့ပြီး၊ ယေဘုယျအားဖြင့် လူဝင်မှုကြီးကြပ်ရေးစနစ်သည် ယာယီဗီဇာ ကိုင်ဆောင်ထားသူများအနေဖြင့် ၎င်းတို့ လာရင်းကိစ္စပြီးဆုံးပါက နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာသွားလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ပုံစံထုတ်ထားခြင်းဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်တွင် အရာရှိများအနေဖြင့် ဗီဇာစည်းကမ်း ချိုးဖောက်မှုများ၊ ခွင့်ပြုထားသည့် နေထိုင်ခွင့်သက်တမ်းထက် ကျော်လွန်နေထိုင်မှုများ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုများ၊ လိမ်လည်မှုများနှင့် လျှောက်ထားသူများသည် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ချိန်က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခဲ့ခြင်း ရှိ၊ မရှိ စသည့်အချက်များကို ထည့်သွင်းစဉ်းစားရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပင် အချို့သော ယာယီဗီဇာကိုင်ဆောင်ထားသူများကို အမေရိကန်တွင် နေထိုင်ရင်း အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခွင့်ကိုပါ တရားဝင်ခွင့်ပြုထားသည့် Dual Intent ဗီဇာအမျိုးအစားများ အပါအဝင် ချွင်းချက်အချို့ ပေးထားသည့်အချက်ကို USCIS က အသိအမှတ်ပြုထားကြောင်း၊ သို့သော် အဆိုပါ ဗီဇာအမျိုးအစားများသည် Green Card အတည်ပြုချက်ရရှိရန် အာမခံချက်မရှိကြောင်းနှင့် လာရောက်သူများသည် ၎င်းတို့၏ လာရင်းကိစ္စ ပြီးဆုံးပါက နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာရမည်ဆိုသည့် အချက်ကို ပြောင်းလဲစေမည်မဟုတ်ကြောင်း USCIS က ပြောကြားထားပါတယ်။
ရွှေ့ပြောင်းနေထိုင်သူများအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများကမူ ယခုလုပ်ဆောင်ချက်အပေါ် ဝေဖန်ခဲ့ကြပြီး၊ ယင်းကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရသူများသည် ၎င်းတို့၏ လျှောက်လွှာများအပေါ် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဉ်အတွင်း မလုံခြုံသော သို့မဟုတ် တည်ငြိမ်မှုမရှိသော ၎င်းတို့၏ မိခင်နိုင်ငံများသို့ မဖြစ်မနေ ပြန်သွားရမည့် အန္တရာယ်ရှိကြောင်း သတိပေးထားတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေလည်း တွေ့ရပါတယ်။
အမေရိကန်ရောက် ပြည်ပြေး ဝရမ်းပြေး နီပိန်းတစ်ဦး ကတော့ "အမေရိကန် Green Card လျှောက်ထားမှုဆိုင်ရာ အရေးကြီးသော မူဝါဒအပြောင်းအလဲ (ယနေ့ သောကြာနေ့ ထုတ်ပြန်ချက်)" ဆိုတဲ့ ခေါင်းစဉ်နဲ့
ဒီနေ့ သောကြာနေ့ (မေလ ၂၂ ရက်၊ ၂၀၂၆) မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (USCIS) က နေပြီး ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းကို ရုတ်တရက် အပြောင်းအလဲလုပ်တဲ့ Policy Memo တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အွန်လိုင်းမှာ သတင်းတွေ အမျိုးမျိုးထွက်နေလို့ တကယ့် အချက်အလက်အမှန်ကို အတိအကျ သိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။ အဓိက ပြောင်းလဲသွားတဲ့အချက် - အမေရိကန်နိုင်ငံထဲမှာ ယာယီဗီဇာ (ဥပမာ - ကျောင်းသားဗီဇာ F-1၊ အလည်ဗီဇာ B-1/B-2၊ ယာယီအလုပ်သမားဗီဇာများ) နဲ့ ရောက်ရှိနေသူတွေဟာ နဂိုက အမေရိကန်နိုင်ငံထဲကနေတင် Green Card ပြောင်းလဲလျှောက်ထားခွင့် (Adjustment of Status - AOS) ရခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံထဲကနေ Green Card အဖြစ် အဆင့်ပြောင်းလဲလျှောက်ထားခြင်းကို "အလွန်ထူးခြားတဲ့ အခြေအနေ (Extraordinary Circumstances)" ရှိသူတွေကလွဲရင် ခွင့်မပြုတော့ဘဲ၊ မိမိတို့ မိခင်နိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ရုံး (Consular Processing) ကနေတစ်ဆင့်သာ ပြန်လည်လျှောက်ထားရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဒါဆို Green Card မရှိသူအားလုံးကို အိမ်ပြန်ခိုင်းတာလား၊ မဟုတ်ပါဘူး။ "ဗီဇာရှိသမျှလူ အကုန်လုံးကို နှင်ထုတ်တာ ဒါမှမဟုတ် Green Card ပေးတာ ရပ်ဆိုင်းလိုက်တာ" မဟုတ်ပါဘူး။ အမေရိကန်ထဲမှာ လက်ရှိ ဗီဇာသက်တမ်းရှိနေသူတွေဟာ သတ်မှတ်ချက်အတိုင်း ဆက်နေထိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံထဲမှာ ရှိနေရင်းနဲ့ Green Card လျှောက်မယ့် "လုပ်ထုံးလုပ်နည်း လမ်းကြောင်း" ကို ပိတ်လိုက်ပြီး မိခင်နိုင်ငံပြန်ပြီး လျှောက်ခိုင်းတဲ့ သဘောဖြစ်ပါတယ်။ ဘယ်သူတွေ ကင်းလွတ်ခွင့် ရနိုင်သလဲ၊ ထုတ်ပြန်ချက်အရ အောက်ပါလူပုဂ္ဂိုလ်အချို့ကိုတော့ သက်ရောက်မှု သက်သာနိုင်ကြောင်း သို့မဟုတ် ကင်းလွတ်ခွင့် ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။ Dual Intent (ရည်ရွယ်ချက်နှစ်မျိုးထားခွင့်ရှိသော) ဗီဇာကိုင်ဆောင်ထားသူများ (ဥပမာ - H-1B ကျွမ်းကျင်လုပ်သားဗီဇာ နှင့် ၎င်းတို့၏ မိသားစုဝင် H-4 များ၊ L-1 ဗီဇာများ)၊ ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့် (Refugees and Asylees) ရရှိထားသူများ၊ အခြား အလွန်ထူးခြားပြီး USCIS ဘက်က ခြွင်းချက်အနေနဲ့ သတ်မှတ်ပေးမယ့် အခြေအနေရှိသူများ၊ လက်ရှိ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများ - ဒီဥပဒေကြောင့် အမေရိကန်နိုင်ငံသားနဲ့ လက်ထပ်ထားသူတွေ၊ ကျောင်းသားတွေနဲ့ အလုပ်ဗီဇာသမားတွေ Green Card လျှောက်တဲ့အခါ မိမိနိုင်ငံကို ပြန်ရမယ့်အတွက် မိသားစုတွေ ခွဲခွာရတာ၊ အလုပ်ခွင်ကနေ ထွက်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ နိုင်ငံအချို့ကို ဗီဇာပိတ်ပင်ထားတာ (Travel Ban) တွေ ရှိနေတဲ့အတွက် မိခင်နိုင်ငံပြန်ပြီး လျှောက်ဖို့ သွားရင် အမေရိကန်ကို ပြန်ဝင်ရခက်ခဲမယ့် Catch-22 အကျပ်အတည်းမျိုး ကြုံတွေ့ရနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ရှေ့နေတွေက ထောက်ပြနေကြပါတယ်။ အကြံပြုချက် - လက်ရှိ အမေရိကန်မှာ ဗီဇာတစ်ခုခုနဲ့ နေထိုင်နေပြီး Green Card လျှောက်ထားဖို့ ပြင်ဆင်နေသူများ သို့မဟုတ် လျှောက်ထားဆဲ (Pending) ဖြစ်နေသူများအနေနဲ့ မိမိတို့ရဲ့ ဗီဇာအခြေအနေ မထိခိုက်စေဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ လူဝင်မှုကြီးကြပ်ရေးရှေ့နေ (Immigration Lawyer) များနှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းပါရစေ ဆိုပြီး ပြည်ပြေး ဝရမ်းပြေးတွေ ဘုံမပျောက်စေဖို့ ရေးသားအကြံပြုထားတာ တွေ့ရပါတယ်။
အနောက်အုပ်စုနိုင်ငံတွေမှာ တရားမဝင်အခြေချနေထိုင်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူ့အခွင့်အရေးကို အလေးထားပါတယ်ဆိုတဲ့ အမေရိကန်မှာလည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တက်လာပြီး American First ဆိုတဲ့ မူဝါဒအောက်မှာ နေရပ်ပြန်လည်ပို့ဆောင်သည်အထိ လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ ဥရောပနိုင်ငံများမှာ တရားမဝင် ပြောင်းရွှေ့အခြေချမှု ပြဿနာတွေကို အမေရိကန်ဘက်က အလေးထားကိုင်တွယ်ဖို့ တိုက်တွန်းပြောဆိုမှုတွေ လုပ်ခဲ့သလို ဂျာမဏီ၊ အင်္ဂလန် (ဗြိတိန်) တို့မှာလည်း ပြောင်းရွှေ့အခြေချသူတွေကို ပြန်နှင်ထုတ်ဖို့ တောင်းဆိုမှုတွေက မြင့်တက်လျက်ရှိပါတယ်။
မြန်မာပြည်က ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ခိုလှုံရာတိုင်းပြည်တွေမှာ လူဝင်မှုပြဿနာတွေ ပေါ်ပေါက်လာတာနဲ့အမျှ အာချောင်ခွက်ခေါက် ပြည်ဖျက်မိစ္ဆာတွေမှာ အမေရိကန်ကလည်း လက်မခံ၊ အင်္ဂလန်မှာလည်း မျက်ခုံးတလှုပ်လှုပ် ရေမျောကမ်းတင် ဖြစ်ရမယ့် အခြေအနေကို စိုးရိမ်သောက ရောက်နေကြရပါတယ်။ အမျိုးယုတ် ပြည်ဖျက်မိစ္ဆာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုကို ထောက်ထား ပြဆိုခြင်းပါ။
ဒေါင်းနင်း
#MNP #News

No comments:
Post a Comment