မြန်မာအမျိုးသမီးလိဂ် ချန်ပီယံ Ayeyawady FC Women နှင့် OPPO Myanmar တို့ တရားဝင် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ကြောင်း ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာအမျိုးသမီးလိဂ် ချန်ပီယံ Ayeyawady FC Women နှင့် OPPO Myanmar တို့ တရားဝင် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ကြောင်း ကြေညာ


ရန်ကုန်၊ ဇွန် ၄

မြန်မာအမျိုးသမီးလိဂ်၏ လက်ရှိချန်ပီယံ Ayeyawady FC Women အသင်းသည် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းနှင့် နည်းပညာအမှတ်တံဆိပ်တစ်ခုဖြစ်သော OPPO Myanmar နှင့် တရားဝင် စပွန်ဆာရှစ်နှင့် မိတ်ဖက်အဖြစ် (Official Partnership) ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း ယနေ့တွင် ပူးတွဲထုတ်ပြန် ကြေညာထားသည်။

ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့အမျိုးသမီးဘောလုံးလောက ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကလပ်အသင်း၏ လုပ်ငန်းလည်ပတ်မှုများကို ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့်တင်ရန်နှင့် အသင်း၏ အောင်မြင်မှုခရီးစဉ်များကို မိဘပြည်သူများနှင့် ပရိသတ်များထံသို့ ပိုမိုနီးကပ်စွာ ချပြနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ OPPO Myanmar အနေဖြင့် Ayeyawady FC Women အသင်း၏ ကွင်းတွင်း၊ ကွင်းပြင် လှုပ်ရှားမှုများနှင့် အမှတ်တရ ပုံရိပ်ကောင်းများကို ပရိသတ်များထံ အကောင်းဆုံး မျှဝေပေးနိုင်ရန်အတွက် OPPO ၏ ခေတ်မီဆန်းသစ်သော ထုတ်ကုန်ပစ္စည်းများကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မိတ်ဖက်ပူးပေါင်းမှုကာလအတွင်း OPPO Myanmar အနေဖြင့် Ayeyawady FC Women အသင်း၏ အဓိက အားကစားအသုံးအဆောင်များနှင့် ကလပ်အသင်း၏ လှုပ်ရှားမှုများတွင် Co-branding (ပူးတွဲအမှတ်တံဆိပ်) အဖြစ် ပါဝင်သွားမည်ဖြစ်ပြီး၊ ကစားသမားများနှင့် ပရိသတ်များအကြား ဆက်သွယ်မှု ပိုမိုအားကောင်းလာစေမည့် Digital Campaign များကိုလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)