ပေါင်၊ ဇွန် ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊လက်ပံကျွန်းကျေးရွာ၌ ဇွန်လ၃ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက ပံ့ပိုးငွေများကို ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၊လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရ သည့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၈၀၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု(၈) စုရှိ လူဦးရေ(၂၅) ဦးအတွက် ဆန်ရိက္ခာဖိုး(၁၂၅,၀၀ဝိ/-)ကျပ်၊စုစုပေါင်းကျပ်(၉၂၅,၀၀၀ိ/-)အားရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး
#MNP #News

No comments:
Post a Comment