ဇွန် - ၄ ( ကြာသပတေးနေ့ )
အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းရဲ့နျူကလီးယားလက်နက်များကို ဥရောပရှိ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံအများအပြားတွင် ထပ်မံဖြန့်ကြက်ချထားရန် စဉ်းစားနေကြောင်း၊ ဆွေးနွေးမှုများနှင့် နီးစပ်တဲ့ သတင်းမြစ်များကို ကိုးကားပြီး ဖနန်ရှယ်တိုင်း (FT) သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံဘက်ကမူ ၎င်းတို့ရဲ့ နယ်စပ်ဒေသများဆီသို့ ဦးတည်လာမဲ့ ဘယ်နေတိုးအဖွဲ့၏ နျူကလီးယားဆိုင်ရာ လှုပ်ရှားမှုကိုမဆို တုံ့ပြန်မှုမရှိဘဲ လွှတ်ထားမှာမဟုတ်ကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။
ဥရောပတွင် အမေရိကန်စစ်သည်အင်အားနှင့် အရေးပါသော လက်နက်စနစ်များကို လျှော့ချရန်၊ ထို့ပြင် အရင်းအမြစ်အချို့ကို အာရှနှင့် အခြားဒေသများသို့ ပြောင်းလဲအသုံးချရန် အစီအစဉ်များကြောင့် စိုးရိမ်ပူပန် နေရသော မဟာမိတ်နိုင်ငံများကို ဝါရှင်တန်ဒီစီက ပြန်လည်စိတ်အေးသက်သာစေရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အလားအလာရှိသော လှုပ်ရှားမှု ပေါ်ထွက်လာခြင်းဖြစ်ကြောင်း FT က အင်္ဂါနေ့တွင် ဖော်ပြခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးကာလကတည်းက စတင်ခဲ့သော ပူးတွဲနယ်မြေကာကွယ်ရေးနှင့် ဟန့်တားရေးစနစ်အရ အမေရိကန်စစ်သည်အင်အား ၈၀,၀၀၀ ကျော် အခြေစိုက်ချထားခဲ့တဲ့ ဥရောပဒေသရှိ ၎င်းတို့၏ စစ်ရေးအရ ပါဝင်ပတ်သက်မှုများကို ၂၀၂၅ ခုနှစ်တွင် အမေရိကန်က လျှော့ချနေပါတယ်။
ဂျာမနီနိုင်ငံမှ စစ်သည်အင်အား ၅,၀၀၀ ပြန်လည်ရုပ်သိမ်းမည့်အကြောင်း ကြေညာပြီးနောက် မကြာမီမှာပင်၊ ပန်တဂွန် (အမေရိကန်စစ်ဌာနချုပ်) သည် ပိုလန်နိုင်ငံအတွင်းသို့ စစ်သည် ၄,၀၀၀ ထပ်မံစေလွှတ်ရန် စီစဉ်ထားတဲ့ စစ်သည်အလှည့်ကျတာဝန်ချထားမှု အစီအစဉ်ကို ပြီးခဲ့သည့်လက ဖျက်သိမ်းခဲ့ပါတယ်။
နျူ့လက်နက် ဖြန့်ကျပ်ချထားမှုဆိုင်ရာ ဆွေးနွေးမှုများသည် "အလွန်တရာ လျှို့ဝှက်နက်နဲသော" ဆွေးနွေးမှုများ ဖြစ်ပြီး လက်ရှိ နျူကလီးယားလက်နက် မျှဝေသုံးစွဲမှု အစီအမံများအပေါ် မည်သည့်ပြောင်းလဲမှုမျှ ဖြစ်ပေါ်လာစေမည် မဟုတ်ကြောင်း FT က ဖော်ပြခဲ့ပါတယ်။
လက်ရှိတွင် ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ တူရကီနှင့် ဗြိတိန် စသည့် နေတိုးအဖွဲ့ဝင် ၆ နိုင်ငံ၌ အမေရိကန်၏ နျူကလီးယားလက်နက်များနှင့် ယင်းလက်နက်များကို သယ်ဆောင်ပစ်ခတ်နိုင်တဲ့ စစ်ဆင်ရေးသုံး ကရိယာများ၊ စနစ်များနဲ့ လေယာဉ်များ (DCA) ကို အခြေစိုက်ချထားပေးလျက် ရှိပါတယ်။
ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံအချို့ အပါအဝင် နေတိုးအဖွဲ့ရဲ့ အရှေ့ဘက်အစွန်တွင်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံအပြားကလည်း အမေရိကန်ရဲ့ နျူကလီးယားလက်နက်များနှင့် စစ်ဆင်ရေးသုံး ယာဉ်များ (DCA) ကို ၎င်းတို့နိုင်ငံများတွင် အခြေစိုက်ချထားရန် စိတ်ဝင်စားကြောင်း ပြသခဲ့ကြတယ်လို့ ယခုကိစ္စနှင့် နီးစပ်သူများက FT သို့ ပြောကြားခဲ့ပါတယ်။ ဥရောပ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် မကြာသေးမီနှစ်များအတွင်း ရုရှားရဲ့ ခြိမ်းခြောက်မှုရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်ဖြင့် ၎င်းတို့ရဲ့ စစ်အသုံးစရိတ်များကို သိသိသာသာ တိုးမြှင့်ခဲ့ကြပေမဲ့ အဓိကကျတဲ့ စစ်ရေးစွမ်းဆောင်ရည်ပိုင်းများတွင် အမေရိကန်ပြည်ထောင်စုအပေါ် များစွာမှီခိုနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment