ပခုက္ကူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ရှိ ဆရာတော်သံဃာတော်များနှင့်သီလ ရှင်များအား ယနေ့နံနက်ပိုင်းက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက် ပဓာနနာယက ဘဒ္ဒန္တကောသလနှင့်ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်ထံမှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ဇနီးနန်းစုစုစံနှင့် မိသားစုဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်း များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် အန္တရာယ်ကင်းပရိတ် တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး လှူဒါန်းမှုအစုစုအတွက်ရေစက် သွန်းချအမျှဝေကာ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News







No comments:
Post a Comment