ဓားနဲ့ထိုးသတ်ခံလိုက်ရတာတောင် လက်ထိပ်ခတ်ခံလိုက်ရတဲ့ ကျောင်းသားလူငယ်လေးတစ်ယောက် ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ် ( ၂ ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓားနဲ့ထိုးသတ်ခံလိုက်ရတာတောင် လက်ထိပ်ခတ်ခံလိုက်ရတဲ့ ကျောင်းသားလူငယ်လေးတစ်ယောက် ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ် ( ၂ )





ဇွန် - ၄ ( ကြာသပတေးနေ့ )

ရဲများကို အခင်းဖြစ်နေရာသို့ ဒီဂဝါ ရဲ့ အစ်ကို ဂူပရီရက်  က ခေါ်ယူခဲ့ပြီး၊ ၎င်းက “ကျနော်တို့ကို လူဖြူတစ်ယောက် က လူမျိုးရေးအရ တိုက်ခိုက်ခဲ့တယ်” လို့ အရာရှိများအား ပြောကြားခဲ့ပါတယ်။  ရဲအရာရှိများ ရောက်ရှိလာသောအခါ ဒီဂဝါက နိုဝက်ခ်သည် ၎င်းအား လူမျိုးရေးအရ ဆဲဆိုခဲ့ကြောင်း၊ ထိုးနှက်ခဲ့ကြောင်း၊ ဆံပင်ကို ဆွဲခဲ့ကြောင်း နဲ့ ၎င်းရဲ့ခေါင်းပေါင်းကို  ချွတ်ပစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရဲများက ဒီဂဝါရဲ့ ပြောဆိုချက်ကို ယုံကြည်ခဲ့ပြီး နိုဝက်ခ် ကို သံသယရှိသူအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘောဒီကမ် မှတ်တမ်းများတွင် နိုဝက်ခ်က မြေပြင်ပေါ်တွင် လဲနေပြီး “ဓားနဲ့ အထိုးခံထားရတယ်။ အသက်မရှူနိုင်တော့ဘူး” လို့ ထပ်ခါတလဲလဲ ပြောဆိုနေပေမဲ့လည်း ရဲတွေက သူ့ကို လက်ထိပ်ခတ်နေတာကို တွေ့ရပါတယ်။ အရာရှိတစ်ဦးကလည်း “မင်းကို မထိုးထားပါဘူး၊ သူငယ်ချင်း”လို့ ပြန်ပြောနေပါတယ်။ 

နိုဝက်ခ်ကို ကျောက်ခင်းလမ်းပေါ်မှာ  ဆွဲခေါ်သွားပြီး “ရန်ပွဲ”အတွက် ဖမ်းဆီးခံရသူအဖြစ် လက်ထိပ်ခတ် ထားခဲ့ပါတယ်။ အဲ့ဒိနောက်မှာ သူက သွေးထွက်လွန်ပြီး သတိလစ်ကာ သေဆုံးသွားခဲ့ရပါတယ်။

ရဲများက နောက်ပိုင်းတွင် နိုဝက်ခ်က ဓားဖြင့်ထိုးခံထားရကြောင်း သိရှိပြီးနောက် ဒီဂဝါ ကို ဖမ်းဆီးခဲ့ပါတယ်။ ထို့နောက် ၎င်းအား လူသတ်မှု နဲ့ လူသွားလူလာနေရာတွင် ဓားကဲ့သို့သော လက်နက်ကို လက်ဝယ်ထားရှိမှု တို့ဖြင့် စွဲချက်တင်ခဲ့ပါတယ်။ ဒီဂဝါကတော့ လူသတ်မှုကို ငြင်းဆိုပြီး ကိုယ့်ကိုယ်ကိုကာကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 ဒီဂဝါရဲ့ ရှေ့နေကလည်း ပထမဦးစွာ တိုက်ခိုက်ခံခဲ့ရပြီး နိုဝက်ခ်က ဓားနဲ့ထိုးမှာကို စိုးရိမ်ခဲ့ရလို့ ပြန်လည်တိုက်ခိုက်မိတာဖြစ်ကြောင်း နဲ့ နလုံးကို ထိုးစိုက်မိတာကို သတိမထားမိခဲ့ကြောင်း တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရရှေ့နေများက ထိုအဆိုကို ပယ်ချခဲ့ပြီး လူမျိုးရေးခွဲခြားတိုက်ခိုက် ခံရတယ်ဆိုတဲ့ စွပ်စွဲချက်ကို “ကလိမ်ကကျစ်မုသား”တွေ ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။ သူတို့က ဒီဂဝါ သည် အကြောင်းပြချက်မရှိဘဲ နိုဝက်ခ်ကို တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရနေစဉ် ရဲ သို့မဟုတ် အရေးပေါ်ဆေးကူညီမှုကို ချက်ချင်းမခေါ်ခဲ့ကြောင်း ဗီဒီယိုမှာတွေ့တယ် လို့ ဆိုပါတယ်။ ဒီဂဝါရဲ့ အိတ်ကပ်အတွင်းမှ တွေ့ရှိခဲ့သည့် နိုဝက်ခ်ရဲ့ မိုဘိုင်းဖုန်းတွင် လူမျိုးရေးဆိုင်ရာ ဆဲဆိုမှု အထောက်အထား မရှိကြောင်းလည်း ကြားနာခဲ့ရပါတယ်။ 

ဂျူရီအဖွဲ့သည် ဒီဂဝါကို မေလ ၂၈ ရက်နေ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဒီအပတ် တနင်္လာနေ့တွင် ၎င်းအား အနည်းဆုံး ၂၁ နှစ်အထိ ကျခံရမည့် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီဂဝါရဲ့ မိခင် ကီယန်ကူရာကိုလည်း ပြစ်မှုကျူးလွန်သူကို ကူညီကာကွယ်ပေးမှု အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး လူသတ်မှုတွင် အသုံးပြုသည့် လက်နက်ကို ဝှက်ထားခဲ့တယ်လို့ ဆိုကာ သူမကို ဇူလိုင် ၁၇ ရက်နေ့တွင် ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။ 

ဒီဂဝါကို ပြစ်ဒဏ်ချမှတ်ပြီး ၁ ရက်အတွင်းမှာပင် ဖခင်ဖြစ်သူ မိုဂါဆင်းဂ် (အသက် ၅၂ နှစ်) နဲ့ အစ်ကိုဖြစ်သူ ဂူပရီရက် (အသက် ၂၇ နှစ်) တို့ကို ဆောက်သမ်တန် တရားရုံးက မိသားစုနေအိမ်တွင် တွေ့ရှိခဲ့တဲ့ လက်နက်အစုအဝေးနှင့် ဆက်စပ်တဲ့ သီးခြားလက်နက်မှုခင်းစွဲချက်များဖြင့် တရားစွဲဆိုခဲ့ပါတယ်။ 

ဒီဂဝါကတော့  ဓားတစ်လက်ကို ကိုင်ဆောင်ထားခြင်းက ဆစ်ခ်ဘာသာရဲ့ ကိုးကွယ်ယုံကြည်မှု အကြောင်းပြချက် ပြပြီး လျှောက်ထားခဲ့ပါတယ်။ ဆစ်ခ်ဘာသာကို လိုက်နာကျင့်သုံးသူများသည် “ကီရာပန်” လို့ခေါ်တဲ့ ဓားသေးငယ်တစ်လက်ကို ဘာသာရေးအထိမ်းအမှတ်အဖြစ် ကိုင်ဆောင်ခွင့်ရှိပြီး ဥပဒေအရလည်း ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ တရားရုံးတွင် ကြားနာချက်များအရ ဒီဂဝါ မှာ အဝတ်အစားအောက်တွင် ဖုံးကွယ်ထား ကီရာပန်အပြင်  ခါးပတ်ပေါ်တွင် ပြင်ပသို့ ထင်ရှားစွာ ဝတ်ဆင်ထားတ့ အရှည် ၂၁ စင်တီမီတာရှိ ဓားမြှောင်တစ်လက်ကိုလည်း ကိုင်ဆောင်ထားခဲ့ကြောင်း သိရပါတယ်။ အဲ့ဒိဓားဖြင့်ပင် နိုဝက်ခ်ကို ငါးချက်ထိုးခဲ့တာပါ။ 

တရားသူကြီး ဝီလီယံ မောက်စ်လေ ကတော့ ဒီဂဝါရဲ့ ဓားကို ဆစ်ခ်ဘာသာရေးကျင့်ထုံးနဲ့ ဆက်စပ်ဖော်ပြရန် ကြိုးပမ်းမှုကို ပယ်ချခဲ့ပြီး၊ ၎င်းသည် မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် ဘာသာရေးကို အရှက်ရစေသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)