ဓားနဲ့ထိုးသတ်ခံလိုက်ရတာတောင် လက်ထိပ်ခတ်ခံလိုက်ရတဲ့ ကျောင်းသားလူငယ်လေးတစ်ယောက် ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ် ( ၁ ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓားနဲ့ထိုးသတ်ခံလိုက်ရတာတောင် လက်ထိပ်ခတ်ခံလိုက်ရတဲ့ ကျောင်းသားလူငယ်လေးတစ်ယောက် ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ် ( ၁ )


ဇွန် - ၄ ( ကြာသပတေးနေ့ ) 

အသက် ၁၈ နှစ်အရွယ် ကျောင်းသား ဟင်နရီနိုဝက်ခ်  သတ်ဖြတ်ခံရမှုက ဗြိတိန်နိုင်ငံတစ်ဝန်း ပြင်းထန်သော အမျက်ဒေါသများ ဖြစ်ပေါ်စေခဲ့ပါတယ်။ တရားရုံးသို့ တင်ပြထားတဲ့ ရဲတပ်ဖွဲ့ရဲ့ ဘော်ဒီကမ် (ကိုယ်ပေါ်တပ်ဆင်ထားတဲ့ ကင်မရာ) မှတ်တမ်းများအရ ဟင်နရီနိုဝကမ်ခ် တစ်ယောက် သေဆုံးလုနီးပါး အခြေအနေနဲ့ မြေပြင်ပေါ်မှာ လဲနေစဉ် ရဲတွေက ၎င်းအား ဖမ်းဆီးပြီး လက်ထိပ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်။ အဲ့ဒိလို လက်ထိပ်ခတ်နေချိန်မှာ ဓားနဲ့ ထိုးသတ်ခဲ့တဲ့ သူက “ကျနော်က လူမျိုးရေးခွဲခြား ဆက်ဆံခံရတဲ့သူပါ” လို့  မမှန်ကန်သော စွပ်စွဲချက် ပြုလုပ်ခဲ့ပြီး လက်ထိပ်အခတ်မခံရဘဲ ရဲတွေက ဒီအတိုင်းထားခဲ့ပါတယ်။ 

အဲ့ဒိအမှုကြောင့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပြီး၊ ဥပဒေစိုးမိုးရေးအဖွဲ့များက လူတစ်စုနှင့်တစ်စုကို မတူညီသော စံနှုန်းများဖြင့် ကိုင်တွယ်နေတယ်ဆိုတဲ့ ပုံစံ ၂ မျိုးနဲ့ ရဲတွေက လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်များ မြင့်တက် လာပါတယ်။ ဗြိတိန်အာဏာပိုင်များကတော့ အဲ့ဒိဖြစ်စဉ်ကို ရဲတွေက ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတစ်ရပ်ကိုလည်း စတင်ဆောင်ရွက်နေပါပြီ။

ဟင်နရီနိုဝက်ခ် က လန်ဒန်မြို့အရှေ့ဘက်ရှိ အက်ဆက်စ်ခရိုင်၊ ချက်ဖ်ဖို့ဒ် ဟန်ဒရက် မှ အသက် ၁၈ နှစ်အရွယ် ဆောက်သမ်တန်တက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က သူသည် အဆောင်ကို ပြန်လာချိန် ဘဲလ်မောင့်လမ်းမှာ တိုက်ခိုက်ခံလိုက်ရတာပဲဖြစ်ပါတယ်။ သူ့ကိုတိုက်ခိုက်တဲ့သူက အသက် ၂၃ နှစ်အရွယ် ဆစ်ခ် လူမျိုးတစ်ဦးဖြစ်တဲ့ ဗစ်ကရမ်ဆင်းဂ်ဒီဂဝါပဲ ဖြစ်ပါတယ်။ 

သူက ဆောက်သမ်တန်မြို့ရှိ  ဒီနီလမ်းမှာ မိသားစုနှင့်အတူ နေထိုင်ခဲ့ပြီး တိုက်ခိုက်မှု ဖြစ်ပွားသည့် ညက သူ့အစ်ကိုရဲ့ ဒလီဗာရို အစားအစာပို့ဆောင်ရေးလုပ်ငန်းတွင် ကူညီပေးနေခဲ့တာပါ။  အစိုးရရှေ့နေများကတော့ သူ့ကို “လက်နက်များကို အလွန်စွဲလမ်းသူ” လို့ ဖော်ပြခဲ့ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဂဝါ က အသက် ၁၂ နှစ်အရွယ်ကတည်းက လက်နက်အသုံးပြုမှုဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး၊ ၎င်း၏အိပ်ခန်းတွင် လက်နက်များစွာ ဝန်းရံထားသည့်အခြေအနေဖြင့် အိပ်စက်လေ့ရှိကာ၊ မိုဘိုင်းဖုန်းဖြင့်လည်း လက်နက်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို မကြာခဏ ရှာဖွေခဲ့ကြောင်း တရားရုံးမှာ ကြားနာခဲ့ရပါတယ်။ သတင်းများအရ ရဲတပ်ဖွဲ့သည် ဒီဂဝါ ရဲ့  မိသားစုနေအိမ်တွင် လက်နက် ၂၀ ကျော်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ဟင်နရီနိုဝက်ခ် နဲ့ ဒီဂဝါတို့ ဘဲလ်မောင့်လမ်းမှာ တွေ့ခဲ့ကြပါတယ်။ တိုက်ခိုက်မှု မဖြစ်ပွားမီမှာ နိုဝက်ခ်က ဗီဒီယိုရိုက်ခဲ့ရာ ဒီဂဝါမှာ ဓားရှည်ကြီး တစ်ချောင်းချိတ်ဆွဲထားတာကို တွေ့ခဲ့ရပါတယ်။ ထိုဗီဒီယိုထဲမှာ နိုဝက်ခ်က “မင်းက လူဆိုးပဲ” လို့ပြောတဲ့ စကားသံတွေပါသလို ဒီဂဝါကလည်း “ဟုတ်တယ်၊ ငါက လူဆိုးပဲ”ပဲဆိုတဲ့ ပြောသံတွေလည်း ပါပါတယ်။  ထို့နောက် ဗီဒီယိုမှတ်တမ်းမှာ ရုတ်တရက် ပြတ်တောက်သွားခဲ့ပါတယ်။ 

အဆိုပါဖြစ်ရပ်အပြီးတွင် ဒီဂဝါ က နိုဝက်ခ်ကို ဓားဖြင့် ငါးချက်ထိုးခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာများတွင် ခြေထောက်နောက်ဘက်များရှိ ထိုးဒဏ်ရာများနှင့် နှလုံးကို ထိမှန်သည့် သေစေနိုင်သော ထိုးဒဏ်ရာတစ်ချက် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က စစ်ဆေးရာ ဒီဂဝါ အိတ်ကပ်အတွင်း၌ နိုဝက်ခ်ရဲ့ မိုဘိုင်းဖုန်းကို ဝှက်ထားသည်ကို တွေ့ရှိခဲ့ကြပါတယ်။ 


( ဆက်လက်ဖော်ပြပါမယ်) 

REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)