ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ မန်းဝင်းခိုင်သန်း ရဲ့ facebook စာမျက်နှာမှာ ကြော်ငြာထားတာတစ်ခုကို သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ (ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ၏ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာဖွင့်လှစ်ကြောင်းကြေညာခြင်း) ဆိုတာပါပဲ။ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ကြည့်လိုက်တော့ KIO, KNU, CNF, KARENNI, CRPH, NUG ဆိုပြီး ဖော်ပြထားတာကိုတွေ့ရပါတယ်။
ဆိုတော့ ဒီအဖွဲ့တွေ ပါဝင်နေတာကို ကြည့်ခြင်းအားဖြင့်ပဲ ဒီအဖွဲ့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီအဖွဲ့အစည်းမျာသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး လုပ်ဆောင်နေကြသူများ မဟုတ်ဘဲ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အဖွဲ့များဖြစ်တာကြောင့် ဒီအဖွဲ့တွေ ပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းဆိုရင်တော့ (တိုင်းဖျက် ပြည်ဖျက် ဦးဆောင်ကောင်စီ) လို့သာ မှတ်ယူရမှာ ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဆိုတဲ့ အဖွဲ့များထဲက ပုဂ္ဂိုလ်များက တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလား။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်ပြီး တိုင်းဖျက် ပြည်ဖျက် လုပ်နေသူတွေလား အထွေအထူး ပြောဖို့ လိုမယ်မထင်ပါဘူး။
မဲလိမ်မဲခိုးမှုတွေကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီးကတည်းက ပေါ်ပေါက်လာလိုက်တဲ့ အကြမ်းဖက်အဖွဲ့အစည်းများ အားလုံးဟာ NLD ပါတီ ဦးဆောင်သူတွေနဲ့ NLD ပါတီကို ထောက်ခံအားပေးတဲ့ နီပိန်းတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေချည်းပဲ ဖြစ်ပါတယ်။ NLD ပါတီ ဦးဆောင်သူတွေက ပြည်ပကို ထွက်ပြေးတယ်။ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး အကြမ်းဖက်လှုပ်ရှားမှု အားကောင်းလာစေဖို့ လှုံ့ဆော်တယ်။ ပြည်တွင်းမှာ ရှိနေတဲ့ နီပိန်းတွေက KNU, KIA အကြမ်းဖက်အဖွဲ့များ လက်အောက်မှာ အကြမ်းဖက်သင်တန်း တက်ပြီး ကိုယ့်ရပ် ကိုယ့်ဒေသကိုပြန်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကြတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတယ်။
NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တယ်။ ဒါကိုပဲ အာဏာသိမ်းစစ်တပ်လို့ ကရားရေလွှတ်တတွတ်တွတ် အာချောင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်အောင် ငွေပေးပြီး ခိုင်းစေနေတုန်းပဲ။ ငါနဲ့မတူ ငါ့ရန်သူ၊ ငါတို့ ကို ထောက်ခံအားပေးခြင်း မရှိတဲ့သူမှန်သမျှ ပစ်မှတ်ထားပြီး သတ်ဖြတ်ခိုင်းတယ်။ သံဃာတော်တွေလည်း သတ်တယ်။ ဆရာ ဆရာမတွေကိုလည်း သတ်တယ်။ အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး လုပ်ဆောင်နေတာပါလို့ ပြောလာရင် ချီးစားပြောတောင် ယုံနိုင်ဖွယ် မရှိပါဘူး။
တွေးမိတိုင်း အသဲနာတယ်။ သူတို့ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကို လိမ်ညာဖုံးကွယ်ပြီး သူတို့ကပဲ သူတောင်ကောင်းကြီးတွေလို လီဆည်ဝါဒဖြန့်ကြတယ်။ သူတို့ကို ထောက်ခံအားပေးတဲ့သူတွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး သူတို့ထောက်ခံအားပေးခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူမှန်သမျှကို ပစ်မှတ်ထားပြီး သတ်ဖြတ်ခဲ့ကြတယ်။ ပြည်သူတစ်ရပ်လုံးအပေါ် ဆိုရွားစွာ ရက်စက်ယုတ်မာ ကောက်ကျစ်ခဲ့တဲ့ သူယုတ်မာများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဆိုတော့ . . . ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေအနေနဲ့ ခေါင်းစဉ်လှလှလေးတွေ သုံးပြီး နိုင်ငံတကာလှည့် အလှူခံနေမယ့်အစား မိမိတို့ရဲ့ လုပ်ရပ်ကို ထင်ဟပ်စေမယ့် ခေါင်းစဉ်မျိုး ပြောင်ပြောင်တင်းတင် ဖော်ပြရဲရပါမယ်။ KNU အကြမ်းဖက်အဖွဲ့အနေနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးထုတ်ပြီး ကိုယ်ကျိုးရှာခဲ့သလို KIA အကြမ်းဖက်အဖွဲ့လည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီကောင်တွေကို ကျောထောက်နောက်ခံအင်အားအဖြစ် အသုံးချပြီး NLD နဲ့ ၈၈ က နိုင်ငံရေးသမားတွေက အကြမ်းဖက်လှုပ်ရှားမှုစတင်လာတဲ့အခါကြတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ နီပိန်းတွေကို အကြမ်းဖက်သင်တန်း ပို့ချပေးလိုက်တယ်။ တိုင်းပြည် ကမောက်ကမဖြစ်ရုံမျှမက ငါးပါးမှောက်တော့တာပဲ။ တိုင်းပြည်နဲ့ လူမျိုးကို အသုံးချပြီး ကိုယ်ကျိုးရှာနေတဲ့ ကောင်တွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ လို့ ပြောတော့ ခွေးပြော ခွေးယုံ ဖြစ်တော့မှာပေါ့။
နောင်တော်လေး (ဘိုကလေး)
#MNP #News


No comments:
Post a Comment