၂၀၂၆၊ ဇွန် ၁၄ (MNP News)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဇွန်လ ၁၃ ရက်နေ့ ၁၅၀၀ အချိန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျုံစု(တိုးချဲ့)ရပ်ကွက်နေ လင်းလင်းနိုင် နှင့် မသန္တာအောင် တို့ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ မသိမ့်သိမ့်ထွန်း(ခ)ပြည့်ပြည့် နှင့် မအိခိုင်ဇင်(ခ)အမွေစိန် တို့အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၈၆ သိန်း)နှင့် မြန်မာငွေကျပ် ၂၀,၀၀၀ တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လင်းလင်းနိုင်(၃၈)နှစ်၊ သန္တာအောင်(၂၅)နှစ်၊ မသိမ့်သိမ့်ထွန်း(ခ)ပြည့်ပြည့်(၂၃)နှစ် နှင့် မအိခိုင်ဇင်(ခ)အမွေစိန်(၁၈)နှစ်တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment