မိုင်းပျဉ်း၊ ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနှင့် တောင်သူလယ်သမားများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၆ခုနှစ် ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က လွှတ်တော်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ ဒေသဖွံ့ဖြိုးရေးအကြောင်းအရာများနှင့် တောင်သူလယ်သမားများ သိထားသင့်သည့် ဗဟုသုတအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်က ရပ်ရွာ၏ဒေသဖွံဖြိုးရေးလိုအပ်ချက်များတင်ပြနိုင်ရေးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က တောင်သူများသိထားသင့်သည့် လယ်ယာမြေဥပဒေများ အကြောင်းတို့ကို ဆွေးနွေးပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူလယ်သမားများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် ဟောင်ကန်ကျေးရွာအုပ်စု အတွင်းရှိတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး
#MNP #News






No comments:
Post a Comment