ဂန့်ဂေါ ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အခြေခံပညာ အထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတို့တွင် ကပ်၍ကြေညာထားရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ထားကြသည့် ကျောင်းသား၊ ကျောင်းသူများလာရောက်၍ ကြည့်ရှုကြသည်။
ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု ဖွင့်လှစ်၍ဖြေဆိုကြရာ အ.ထ.က(ဂန့်ဂေါ)စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ(၁၁၁)ဦးတွင် ဖြေဆိုသူ(၁၁၀)ဦး ရှိပြီး အောင်မြင်သူ(၆၉)ဦးရှိရာတွင် (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၄)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၁)ဦး စုစုပေါင်းဂုဏ်ထူးရှင်(၁၈)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၅၁)ဦး ရှိ၍ အောင်ချက်ရာခိုင်နှုန်း(၆၂.၇၃)ရှိပြီး၊ အ.ထ.က(ကျော)စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ(၃၁)ဦးတွင် ဖြေဆိုသူ(၂၇)ဦးရှိပြီး ရိုးရိုးအောင်မြင်သူ(၄)ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း(၁၄.၈၁)ရှိကြောင်းနှင့် အ.ထ.က (ဟံသာဝတီ)စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ(၁၅၂)ဦးတွင် ဖြေဆိုသူ(၁၄၉)ဦးရှိပြီး အောင်မြင်သူ(၂၀)ဦး ရှိရာတွင် (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၂)ဦး စုစုပေါင်းဂုဏ်ထူးရှင်(၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၇)ဦးရှိ၍ အောင်ချက် (၁၃.၄၂)ရာခိုင်နှုန်းရှိသည်။
မြို့နယ်ချုပ်အနေဖြင့် ဖြေဆိုရန်စာရင်းရှိ(၂၉၄)ဦးတွင် ဖြေဆိုသူ(၂၈၆)ဦးရှိပြီး အောင်မြင်သူ(၉၃)ဦး ရှိရာတွင် (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၂)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၂၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၇၂)ဦးရှိ၍ အောင်ချက် (၃၂.၅၂)ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#MNP #News





No comments:
Post a Comment