မြောက်ဥက္ကလာ၊ ဇွန် ၂၈
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အနေဖြင့် အောင်မြင်သူ ၁၁၃၀ ဦးရှိပြီး (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦးထွက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၁၁၂၉ ဦး၊ ကျောင်းသူ ၁၃၉၁ ဦး စုစုပေါင်းဖြေဆိုသူ ၂၅၂၀ဦးရှိခဲ့ရာ အောင်မြင်သူ ကျောင်းသား ၄၅၉ ဦး၊ ကျောင်းသူ ၆၇၁ ဦး၊ စုစုပေါင်း အောင်မြင်သူ ၁၁၃၀ ဦးရှိသည်။
ထို့အပြင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် (၆)ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၃၀ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၅၁ ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် ၁၀၂ ဦးရှိပြီး ရိုးရိုး အောင်မြင်သူ ၉၁၇ ဦးရှိရာ အောင်ချက် အနေဖြင့် ၄၄.၈၄ ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး
#MNP #News



No comments:
Post a Comment