ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ၆၃.၆၅ ရာခိုင်နှုန်းရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ၆၃.၆၅ ရာခိုင်နှုန်းရှိ




ပေါက်ခေါင်း၊ ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းကို  ယနေ့နံနက် ၄ နာရီအချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများတွင် ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာယာစွာ လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။ 

ပေါက်ခေါင်းမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည်  ၂၀၂၅ ခုနှစ်တွင် ၄၀.၆၀ ရာခိုင်နှုန်းရှိခဲ့ရာ ယခုနှစ်တွင် ၆၃.၆၅ ရာခိုင်နှုန်းရှိသောကြောင့် ယခင်နှစ်ကထပ် အောင်ချက်ရာခိုင်နှုန်း ပိုမိုကောင်းမွန်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၆၁၉)ဦးရှိခဲ့ပြီး အောင်မြင်သူ (၃၉၄) ဦးရှိကာ အောင်ချက် ရာခိုင်နှုန်း ၆၃.၆၅ ရာခိုင်နှုန်းရှိကြောင်းနှင့် ပေါက်ခေါင်းမြို့နယ်တွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၄၆ ဦးရှိပါရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


ဖုန်းကျော်ဇင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)