ရှန်ဟိုင်း၊ ဇွန် ၁၃
၁၂ ကြိမ်မြောက် တရုတ် (ရှန်ဟိုင်း) နိုင်ငံတကာ နည်းပညာဆိုင်ရာ ကုန်စည်ပြပွဲ (CSITF) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းကမ္ဘာ့ကုန်စည်ပြပွဲခန်းမတွင် ဇွန် ၁၁ ရက်၌ ဖွင့်လှစ်ခဲ့သည်။
ယခုအကြိမ် ပြပွဲကို “နည်းပညာကုန်သွယ်မှု ဂေဟစနစ်သစ် ဖန်တီးပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူတကွ ရေးဆွဲကြမည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ အဆိုပါပြပွဲ၏ ဧရိယာမှာ စတုရန်းမီတာ ၃၈,၀၀၀ ရှိပြီး ပင်မပြခန်းဇုန် ၁ ခု၊ အထူးပြုနည်းပညာပြခန်းဇုန် ၄ ခုနှင့် ဆန်းသစ်တီထွင်မှုနှင့် ကုန်သွယ်ရေးဝန်ဆောင်မှုဇုန် ၁ ခုဖွဲ့စည်းထားကာ ဉာဏ်ရည်တု (AI)၊ Large Model နည်းပညာ၊ အစိမ်းရောင်လောင်စာ၊ စွမ်းအင်သိုလှောင်ရေးနှင့်သယ်ယူပို့ဆောင်ရေး၊ စမတ်အိမ်သုံးပစ္စည်း၊ ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာ (BCI) ၊ ပြန်လည်သန်စွမ်းရေးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စသည့် ကဏ္ဍများ၏ ဆန်းသစ်တီထွင်မှု နည်းပညာဆိုင်ရာ အောင်မြင်မှုရလဒ်များ ပါဝင်ပြသထားသည်။
Ref - (Xinhua)
#MNP #News




No comments:
Post a Comment