မန္တလေး၊ ဇွန် ၁၃
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ် -၂၀၂၆ (Mandalay Investment Forum-2026) ကို ယမန်နေ့က မန္တလေးမြို့ ရတနာပုံခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)နှင့် အိန္ဒိယ-မြန်မာ- ထိုင်း အဝေးပြေးလမ်းမကြီးတို့ ဆုံစည်းရာ မဟာဗျူဟာမြောက် ကုန်သွယ်မှုတံခါးပေါက်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစနစ်များ အခိုင်အမာရှိသည့် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက် (Logistic Hub) တစ်ခုဖြစ်သောကြောင့် ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုအားပေးပါကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု လွယ်ကူချောမွေ့စေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် လက်ရှိရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းဖြစ်လာစေရန်တို့အတွက် ရည်ရွယ်၍ လည်းကောင်း စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
#MNP #News

No comments:
Post a Comment