ပုသိမ်၊ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာအသင်းအဖွဲ့များ၏ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်မှ အထူးအလေးထား ဆောင်ရွက်နေပြီး မိမိတို့တိုင်းဒေသကြီးတွင်လည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ထိထိရောက်ရောက်ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်း ရှင်များ၏ လိုအပ်ချက်ကို သိရှိနိုင်ရန်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း များလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ မိမိတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ပြည်တွင်းသာမက ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက် ကြရန်လိုပါကြောင်း၊ MSME လုပ်ငန်းများတွင် အဟန့်အတား ဖြစ်နေသည့် ကိစ္စရပ်များအား ကျော်လွှားနိုင်ရန်၊ ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်ပြည့်မီအောင် လေ့ကျင့် ပျိုးထောင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် စွမ်းဆောင် ရည်မြှင့် သင်တန်းများပေးခြင်း၊ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ ချေးငွေများထုတ်ချေး ပေးခြင်း၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် MSME လုပ်ငန်းရှင်များကို ဒေသတွင်းအဆင့် ထုတ်ကုန်ပြပွဲများ၊ ဈေးပွဲတော်များကျင်းပပြုလုပ်ပေးခြင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင်ပါဝင်ပြသရောင်းချစေခြင်း၊ ဒီဂျစ်တယ်နည်းစနစ် အသုံးပြုမှု မြင့်မားလာစေရေးအတွက် ဒီဂျစ်တယ်နည်းပညာဆိုင်ရာသင်တန်းများ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များက Export လိုင်စင်ရရှိရေး၊ ဥယျာဉ်ခြံမြေအား အခြားနည်းသုံးစွဲခွင့်ရရှိရေး၊ ကြိမ်ပင်များစိုက်ပျိုးနိုင်ရေးအတွက်မြေနေရာ ရရှိရေး၊ ကြိမ်လုပ်ငန်းအတွက်မှတ်ပုံတင်ရရှိရေး၊ ချေးငွေများရရှိနိုင်ရေး၊ ငါးရံ့ခြောက် လုပ်ငန်းအတွက်(FDA) လက်မှတ် ရရှိရေး၊ Drum Seeder များတောင်သူများလက်ဝယ်အရောက် ရောင်းချပေးနိုင်ရေးအတွက် လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရေး၊ အသားစားကြက်ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေးစသည့် လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာများပြန်လည် ရှင်းလင်း၍ MSME အေဂျင်စီ ဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီးက သုံးသပ်ရှင်းလင်းပြန်လည် ဖြေကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
#MNP #News




No comments:
Post a Comment