အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများမှစတင်၍ စနစ်တကျသင်ကြားပေးရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အားကစားတွင် ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် ကာယနည်းပြဆရာများ၊ အားကစားနည်းပြဆရာများဖြင့် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်အလိုက် အားကစားပြိုင်ပွဲများကို စနစ်တကျဖြင့် ကျင်းပပြုလုပ်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လိုအပ်ချက်များရှိနေသေးသဖြင့် အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက်ရှိစေရေးအတွက်လည်း စဉ်းစားဆောင်ရွက်ပေးရန် လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
(၂၃-၆-၂၀၂၆ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး နိုင်ငံတော်သမ္မတ ၏ အမှာစကား မှ - )
#MNP #News

No comments:
Post a Comment