ပြင်သစ်နိုင်ငံမှာ ပထမဆုံး အီဘိုလာ ကူးစက်ခံရသူတစ်ဦး တွေ့ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်နိုင်ငံမှာ ပထမဆုံး အီဘိုလာ ကူးစက်ခံရသူတစ်ဦး တွေ့ရှိ



ဇွန် - ၂၆ ( သောကြာနေ့ ) 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခု သွားရောက်ပြီး မကြာသေးခင်ကမှ ပြင်သစ်ကို ပြန်ရောက်လာတဲ့ ဆရာဝန်တစ်ဦးမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

အဲဒီလူနာကို အထူးကုသရေးဌာနတစ်ခုမှာ တင်ထားပြီး လက်ရှိမှာတော့ အခြေအနေ တည်ငြိမ်နေပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူ့ကို သီးသန့်ခွဲထားပြီး ကုသမှုပေးနေပါတယ်။

ကွန်ဂိုမှာ အီဘိုလာရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ပြင်သစ်ဆရာဝန်တစ်ဦး သွားရောက်ကူညီရင်း ကူးစက်ခံခဲ့ရတာဖြစ်ပြီး၊ လက်ရှိမှာတော့ ပြင်သစ်အာဏာပိုင်တွေက စနစ်တကျ ထိန်းချုပ်ကုသပေးနေပြီ ဖြစ်ပါတယ်။

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနကတော့ "ဒီလူနာနဲ့ ထိတွေ့မိခဲ့သူတွေ ရှိ၊ မရှိ သိနိုင်ဖို့အတွက် အသေးစိတ် ကူးစက်ရောဂါဗေဒဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ လုပ်ဆောင်နေပါတယ်"လို့ ဆိုပါတယ်။ 

ပြင်သစ်ကျန်းမာရေးဝန်ကြီး စတီဖနီ ရစ်စတ် ရဲ့ ပြောကြားချက်အရ အဲဒီဆရာဝန် ပြင်သစ်ကို ပြန်လာတုန်းက လေယာဉ်ပေါ်မှာ သူ့အနီးနားမှာ ထိုင်ခဲ့တဲ့ ခရီးသည် ၅ ယောက်ကိုလည်း အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး သီးသန့်ခွဲထား စောင့်ကြည့်နေရပြီလို့ ဆိုပါတယ်။ ဒီဆရာဝန်ဟာ ALIMA လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာလှုပ်ရှားမှုမဟာမိတ်အဖွဲ့နဲ့အတူ ကွန်ဂိုမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ မေလလယ်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာ (ဘန်ဒီဘူဂျို မျိုးဗီဇကွဲ) ကြောင့် အတည်ပြုလူနာ ၁,၀၉၄ ဦး ရှိနေပြီး ၂၇၇ ဦး သေဆုံးထားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)