ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ပီရှန်းဆေးရုံ၌ ကျင်းပပြုလုပ်သည့် ဆေးပညာ ဖလှယ်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ပီရှန်းဆေးရုံ၌ ကျင်းပပြုလုပ်သည့် ဆေးပညာ ဖလှယ်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



ချုံချင့်၊ ဇွန် ၂၆

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၃-၆-၂၀၂၆ ရက် နံနက် ၁၀:၀၀ နာရီတွင် ချုံချင့်မြို့၊ ပီရှန်းဆေးရုံ၌ ကျင်းပပြုလုပ်သည့် မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံနှင့် ပီရှန်းဆေးရုံတို့အကြား ဆေးပညာဖလှယ်ရေး အစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။  

အဆိုပါ ဆေးပညာဖလှယ်ရေးအစီအစဉ်ကို ချုံချင့်နိုင်ငံခြားရေးဌာန၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးနှင့် ပီရှန်းဆေးရုံတို့က ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။  မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးပညာရှင်များ၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့အား ချုံချင့်မြို့ရှိ ပီရှန်းဆေးရုံသို့ ဖိတ်ကြား၍ ဆေးရုံနှစ်ရုံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်သွယ်မှုများ တိုးမြှင့်စေရန်၊ ဆေးပညာဆိုင်ရာ ဖလှယ်မှုများနှင့် ပူးတွဲ လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆေးပညာဖလှယ်ရေး အစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ဘက်မှ ချုံချင့်နိုင်ငံခြားရေး ဌာန Second-level Inspector (ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ) Ms. Fan Qing၊ ပီရှန်းခရိုင် ဒုတိယမြို့တော်ဝန် Mr. Zhang Chuan ၊ ပီရှန်းခရိုင် အစိုးရတာဝန်ရှိသူများနှင့် ပီရှန်းဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ မြန်မာဘက်မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ပရော်ဖက်ဆာ ဒေါက်တာနေအောင်ထွန် ဦးစီးသည့် မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံကြီးမှ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပီရှန်း ဆေးရုံနှင့် မြောက်ဥက္ကလာ အထွေထွေရောဂါကု ဆေးရုံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ဆေးရုံနှစ်ရုံအကြား နားလည်မှု၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနေဖြင့် နှစ်နိုင်ငံအကြား ဆေးပညာနှင့် ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်ရန် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုပြုလုပ်သည့် ဆေးပညာဖလှယ်ရေးအစီအစဉ်သည် အနာဂတ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးပညာ၊ သုတေသနနှင့် ပြည်သူချင်းဖလှယ်မှုတို့တွင် ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ခိုင်မာသည့် အုတ်မြစ်ချပေးနိုင်မည် ဖြစ်သည်ဟု  ပြောကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)