“ရွှေရောင်သမိုင်း”လူမှုကယ်ဆယ်ရေးအသင်း(၁၁)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် စေတနာ့ဝန်ထမ်း အသင်းဝင်များအား ဂုဏ်ပြုပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

“ရွှေရောင်သမိုင်း”လူမှုကယ်ဆယ်ရေးအသင်း(၁၁)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် စေတနာ့ဝန်ထမ်း အသင်းဝင်များအား ဂုဏ်ပြုပွဲကျင်းပ





ရန်ကုန်၊ ဇွန် ၂၉                    

“ရွှေရောင်သမိုင်း” လူမှုကယ်ဆယ်ရေးအသင်း (၁၁)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် စေတနာ့ဝန်ထမ်း အသင်းဝင်များအား ဂုဏ်ပြုပွဲကို ယမန်​နေ့ မွန်းလွဲပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အထက်ဗဟိုလမ်းရှိ ပေါ်တော်မူဓမ္မဗိမာန်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အသင်း၏ ဆောင်ရွက်ခဲ့မှုမှတ်တမ်း ဗီဒီယိုပြသပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦး​ဌေး​အောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍“ရွှေရောင်သမိုင်း”လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးဇွဲရန်နိုင်က ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်း​​ပြောကြားပြီး သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က မုဒိတာစကား​ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များကို အသင်းဥက္ကဋ္ဌက ဂါရဝပြုလက်ဆောင်ပေးအပ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသင်းဝင်စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

“ရွှေရောင်သမိုင်း”လူမှုကယ်ဆယ်ရေးအသင်းသည် အရေးပေါ်လူနာတင်ယာဉ်နှင့် လူမှုကယ်ဆယ်ရေး ဝန်ဆောင်မှုများပေးရန်၊ မတော်တဆမှု၊ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များတွင် အချိန်မီကယ်ဆယ်ကူညီရန်၊ နာရေး၊ ကျန်းမာရေးနှင့် လူမှုအခက်အခဲများ ကြုံတွေ့နေသူများအား ပရဟိတစိတ်ဓာတ်ဖြင့် ကူညီပံ့ပိုးရန်၊ အကျိုးအမြတ်မယူဘဲ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်ထားခြင်း ဖြစ်ကြောင်း သိရသည်။


​အောင်မြင့်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)