နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဥပဒေအထက်မှာ ဘယ်သူမှသွားလုပ်လို့မရဘူး၊ ဥပဒေဘောင်အတွင်းမှာ လိုအပ်ရင်လည်းပြင်ဆင်မှုတွေ ကျွန်တော်တို့လုပ်ရမှာပါ ဟု ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဥပဒေအထက်မှာ ဘယ်သူမှသွားလုပ်လို့မရဘူး၊ ဥပဒေဘောင်အတွင်းမှာ လိုအပ်ရင်လည်းပြင်ဆင်မှုတွေ ကျွန်တော်တို့လုပ်ရမှာပါ ဟု ပြောကြား


နေပြည်တော်၊ ဇွန် ၂၁

နိုင်ငံတော်သမ္မ ဦးမင်းအောင်လှိုင် ၏ တရုတ်ပြည်ခရီးစဉ်အတွင်း CCTV သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုအပေါ် ဖြေကြားစဉ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ No one is above the law ဆိုပြီးတော့ရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှသွားလုပ်လို့မရဘူး၊ ဥပဒေဘောင်အတွင်းမှာ လိုအပ်ရင်လည်းပြင်ဆင်မှုတွေ ကျွန်တော်တို့လုပ်ရမှာပါ ဟု ဖြေကြားထားသည်။

သတင်းထောက်က သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိငြိမ်းချမ်းရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထာဝရတည်ငြိမ်အေးချမ်းဖို့ ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်ကို သိပါရစေရှင့် ဟု မေးမြန်းခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က "နိုင်ငံငြိမ်းချမ်းရေးကတော့ သဘောထား ကွဲလွဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အပေါ်မှာ အခြေခံတာပါ၊ သဘောထားကွဲလွဲမှုတွေကို သဘောထားမကွဲလွဲ အောင်လုပ်ဖို့က ကျွန်တော်တို့လုပ်ရမှာပါ။ ဘယ်လိုသဘောထားကွဲလွဲတာလဲ။ နိုင်ငံရေးအရ သဘောထားကွဲလွဲတာလား၊ အုပ်ချုပ်ရေးအရသဘောထားကွဲလွဲတာလား၊ ဒါမှမဟုတ် ယဉ်ကျေးမှုအရ သဘောထားကွဲလွဲတာလား။ တိုင်းရင်းသားရေးအရသဘောထားကွဲလွဲတာလား၊ ဒါတွေကို သဘောထားကွဲလွဲမှုတွေမရှိအောင် ရအောင်အကောင်အထည်ဖော်ရမှာပါ။ ဒါကို တရားဥပဒေနဲ့အညီသွားရမှာပါ။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့ခေတ် ဒီမိုကရေစီ ခေတ်ရောက်နေတယ်ဆိုတဲ့အတွက်ကြောင့် အားလုံးကညှိနှိုင်းဆွေးနွေးပြီးတော့သွားမှာပါ။ သို့သော်လည်းပဲ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိပါတယ်။ ဥပဒေတွေနဲ့အညီပဲ ကျွန်တော်တို့ကသွားရမှာပါ။ ဘယ်နိုင်ငံကမှ ဥပဒေကိုကျော်လွန်ပြီးတော့ လုပ်လို့မရပါဘူး။ No one is above the law ဆိုပြီးတော့ရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှသွားလုပ်လို့မရဘူး၊ ဥပဒေဘောင်အတွင်းမှာ လိုအပ်ရင်လည်းပြင်ဆင်မှုတွေ ကျွန်တော်တို့လုပ်ရမှာပါ။ မြန်မာနိုင်ငံမှာ ဒီလိုမျိုးလုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကိုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဆိုရင်တော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကလည်း မလွဲမသွေရမယ်လို့ ယုံကြည်ပါတယ်" ဟု ဖြေကြားထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)