အာဆီယံ-ဗီယင်နာကော်မတီ (AVC) နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူးတို့အကြား တွေ့ဆုံပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံ-ဗီယင်နာကော်မတီ (AVC) နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူးတို့အကြား တွေ့ဆုံပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်




ဗီယင်နာ၊ ဇွန် ၂၀

အာဆီယံ-ဗီယင်နာကော်မတီမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ်/ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင် ညွှန်ကြားရေးမှူး Ms. Monica Juma တို့အကြား တွေ့ဆုံပွဲကို ၁၉-၆-၂၀၂၆ ရက်တွင် ဗီယင်နာ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့ရာ၊ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် အာဆီယံ-UNODC နားလည်မှုစာချွန်လွှာအပေါ် အခြေခံ၍ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကို ဆက်လက်မြှင့်တင်ရေး အတွက်လည်းကောင်း၊ UNODC ၏ ၂၀၂၆-၂၀၃၀ လုပ်ငန်းမဟာဗျူဟာနှင့်ပတ်သက်၍ လည်းကောင်း၊ UNODC နှင့် အရှေ့တောင်အာရှဒေသတွင်းရှိ နိုင်ငံများအကြား မူးယစ်ဆေးဝါး၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းငွေလိမ်မှုများနှင့် ငွေကြေးခဝါချမှုများ အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရာ၌ ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာ ပံ့ပိုးကူညီမှုများ တိုးမြှင့်ရေးအတွက်လည်းကောင်း ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအနေဖြင့် အထက် ဖော်ပြပါ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်နှိမ်နင်းရာ၌ UNODC ၏ အရေးပါသော အခန်းကဏ္ဍနှင့် နည်းပညာပံ့ပိုးကူညီမှုများကို များစွာအလေးထားမှု၊ မြန်မာနိုင်ငံအား ကာလရှည်ကြာ ပံ့ပိုးကူညီပေးခဲ့သည့် အစဉ်အလာကောင်းများကို “မည်သည့်နိုင်ငံကိုမျှ ချန်လှပ်မထားရေး” ဟူသော ကုလသမဂ္ဂ၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံရေးပယောဂမပါဘဲ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သင့်မှု၊ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကိုယ့်အားကိုယ်ကိုး၍ လည်းကောင်း၊ အိမ်နီးချင်းနှင့် မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်၍ လည်းကောင်း တိုက်ဖျက်နှိမ်နင်းလျက်ရှိမှုနှင့် UNODC နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိမှုတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)