ထိုင်းနိုင်ငံရှိ Kasetsart Universityနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာ ဖလှယ်ရေးအစီအစဉ်များ ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံရှိ Kasetsart Universityနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာ ဖလှယ်ရေးအစီအစဉ်များ ဆွေးနွေး




ဗန်ကောက်၊ ဇွန် ၂၀

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၁၇-၆-၂၀၂၆ ရက်တွင် ထိုင်းနိုင်ငံ၊ Kasetsart University မှ Professor Dr. Wanwipa Vongsangnak, Dean of Kasetsart University International College (KUIC)  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လက်ခံတွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံရာစဉ် Kasetsart Universityနှင့်  မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာ ဖလှယ်ရေးအစီအစဉ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ပူးတွဲသုတေသန လုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် Kasetsart University ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

သံအမတ်ကြီးက မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ပညာရေး၊ သုတေသနနှင့်  ပြည်သူ အချင်းချင်းဆက်ဆံရေး ပိုမိုတိုးမြှင့်စေရေးအတွက် မြန်မာသံရုံးအနေဖြင့်  မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တက္ကသိုလ်များနှင့်  ဆက်သွယ်ညှိနှိုင်းပေးခြင်း၊ ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်းနှင့် နှစ်နိုင်ငံပညာရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများကို အားပေး မြှင့်တင်ပေးရန် အဆင်သင့်ရှိပါကြောင်းနှင့် Kasetsart University ကိုယ်စားလှယ်အဖွဲ့၏ မြန်မာ နိုင်ငံခရီးစဉ် အောင်မြင်ချောမွေ့စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း  ပြန်လည်ပြောကြားခဲ့သည်။ 


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)