မြောက်ဥက္ကလာပ၊ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရေး၊ မျက်စိကျန်းမာရေးနှင့် ကျန်းမာရေး အသိပညာပေးခြင်း ကို ယနေ့ နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အမှတ်(၄၄) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား သွားတစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဉ်များ စစ်မှန်သော သွားတိုက်နည်းများ၊ မျက်စိကျန်းမာရေး နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News



No comments:
Post a Comment