ဇွန် - ၁၇ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်စစ်ဌာချုပ် ပင်တဂွန်ရဲ့ ကွန်ပျူတာဉာဏ်ရည်တု (အေအိုင်) ဆိုင်ရာ အကြီးအကဲရဲ့ ကျမ်းကျိန် ထွက်ဆိုချက်တစ်ခုအရ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ် ရဲ့ ဂျီရော့ခ် အေအိုင်ဟာ အမေရိကန်ရဲ့ စစ်လက်နက်ယန္တရားမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး၊ အနာဂတ်ပဋိပက္ခတွေမှာ ယင်းရဲ့ ဒေတာစင်တာတွေကို ခဲယမ်းမီးကျောက် ထုတ်လုပ်တဲ့ စက်ရုံတွေလိုမျိုး သဘောထား ဆောင်ရွက်ရမယ်လို့ သိရပါတယ်။
ဂျီရော့ခ် နဲ့ ပတ်သက်တဲ့ အဆိုပါ ထွက်ဆိုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ဂျီရော့ခ်ကို တရားစွဲဆိုမှု တစ်ခုလုပ်နေလို့ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီတရားစွဲဆိုမှုဟာ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် တင်နက်ဆီပြည်နယ်၊ မန်းဖစ်စ်မြို့ ရှိ အိတ်စ်အေအိုင် ရဲ့ ကိုလိုဆပ်ဒေတာစင်တာများ လည်ပတ်မှုကို ကန့်သတ်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
အမေရိကန် စစ်မက်ရေးရာဝန်ကြီးဌာန ရဲ့ ဒစ်ဂျစ်တယ်နှင့် ကွန်ပျူတာဉာဏ်ရည်တုဆိုင်ရာ အရာရှိချုပ် ကာမရွန် စတန်လေ က အိတ်စ်အေအိုင် ရဲ့ တွက်ချက်နိုင်စွမ်း ပမာဏကို လက်နက်ထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်ခဲ့ပြီး၊ အဆိုပါကုမ္ပဏီရဲ့ ဒေတာစင်တာတွေကို "အလွန်ကြီးမားတဲ့ အတိုင်းအတာ" နဲ့ လည်ပတ်နိုင်စွမ်းဟာ "ကျွန်ုပ်တို့ရဲ့ ခေတ်သစ် ကာကွယ်ရေးရပ်တည်ချက်အတွက် ရိုးရာခဲယမ်းမီးကျောက် ထုတ်လုပ်မှုတွေလိုပဲ အခြေခံကျလှပါတယ်" လို့ ပြောပါတယ်။
ဂျီရော့ခ် ဟာ ပလန်တီယာကုမ္ပဏီက တီထွင်ဖန်တီးထားတဲ့ မာဗန်စမတ်စနစ်များ (MSS) ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း စတန်လေ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါ MSS စနစ်ဟာ "ပစ်မှတ်သတ်မှတ်ခြင်း၊ ထောက်လှမ်းရေး၊ အဆင်သင့်ဖြစ်မှု အခြေအနေနှင့် စစ်သားစုဆောင်းခြင်း" တို့အပြင် စစ်ဘက်ဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကိုပါ ပံ့ပိုးပေးတဲ့ ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။
“Operation Epic Fury (အော်ပရေးရှင်း အက်ပစ် ဖျူရီ) စစ်ဆင်ရေးအတွင်းမှာ MSS ရဲ့ ရှေ့တန်းလုပ်ငန်းစဉ်တွေကြောင့် အမေရိကန်တပ်ဖွဲ့တွေဟာ ၉၆ နာရီအတွင်း သီးခြားပစ်မှတ်ပေါင်း ၂,၀၀၀ ဆီကို ဒုံးကျည်ပေါင်း ၂,၀၀၀ ကျော်ပစ်နိုင်ခဲ့ပါတယ်”လို့ပြောပါတယ်။ အိတ်စ်အေအိုင်ဟာ လျှို့ဝှက် နဲ့ အလွန်လျှို့ဝှက် အဆင့်သတ်မှတ်ထားတဲ့ ကွန်ရက်တွေတလျှောက် "မစ်ရှင်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တွေ" ကို ဆက်လက်ပံ့ပိုးပေးနိုင်စွမ်းရှိတဲ့ လုပ်ငန်းစုကြီး သုံးခုအနက် တစ်ခုဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အိတ်စ်အေအိုင် ရဲ့ ကိုလိုဆပ် ( ၂ )စက်ရုံကို ပိတ်သိမ်းလိုက်ရခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်းမျိုး ဖြစ်ပေါ်ခဲ့ရင် ပင်တဂွန်ရဲ့ စွမ်းဆောင်ရည်တွေ ထိခိုက်ကျဆင်းသွားလိမ့်မယ်လို့လည်း ၎င်းက သတိပေးခဲ့ပါတယ်။
အိတ်စ်အေအိုင်ကုမ္ပဏီဟာ သင့်တော်တဲ့ ခွင့်ပြုမိန့် ဒါမှမဟုတ် ညစ်ညမ်းမှုထိန်းချုပ်ရေးစနစ်တွေ မရှိဘဲ ဓာတ်ငွေ့သုံး တာဘိုင် အလုံးပေါင်းများစွာကို လည်ပတ်ခြင်းအားဖြင့် သန့်ရှင်းသောလေထုအက်ဥပဒေ ကို ချိုးဖောက်နေတယ်လို့ NAACP ရဲ့ တရားစွဲဆိုမှုမှာ စွပ်စွဲထားပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ထရမ့်အစိုးရအဖွဲ့ဟာ ညစ်ညမ်းမှုဆိုင်ရာဥပဒေတွေကို အသက်ဝင်စေဖို့အတွက် အသုံးပြုတဲ့ နိုင်ငံသားတွေရဲ့ တရားစွဲဆိုခွင့်တွေကို ကျော်လွန်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲ ပြစ်တင်ခဲ့ကြပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment