မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီး အကြမ်းဖက်သောင်းကျန်းသူ စခန်းအား သိမ်းပိုက်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီး အကြမ်းဖက်သောင်းကျန်းသူ စခန်းအား သိမ်းပိုက်ရရှိ











နေပြည်တော်၊ ဇွန် ၁၀

တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထု အေးချမ်းစွာနေထိုင် နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေး တာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံ ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူး လမ်းကြောင်း တစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

နယ်မြေလုံခြုံရေး ထိုသို့ တပ်မတော်စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီချီတက်၍ လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်နေ့တွင် ကလေးမြို့ဘက်မှ နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် ကလေး တမူး လမ်းကြောင်းပေါ်ရှိ . အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အရှေ့ခုံသာ ကျေးရွာ၊ ၅၆ မိုင်ကျေးရွာ ၊ ၅၅ မိုင်ကျေးရွာတို့အားလည်းကောင်း၊ တမူးမြို့ဘက်မှ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် နန်းမွတ်တားကျေးရွာ၊ ရန်လင်းပိုင် ကျေးရွာတို့အားလည်းကောင်း သိမ်းပိုက်ရှိခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ကလေး တမူး လမ်းကြောင်း တစ်လျှောက်အား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေး နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ရန်လင်းပိုင်ကျေးရွာအနီးရောက်ရှိနေသာ တပ်မတော်စစ်ကြောင်း များသည် ယနေ့တွင် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အဆိုပါကျေးရွာ၏ အနောက် မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး နေရာသို့ အရောက်၌ မင်္သကာဖွယ်အဆောက်အအုံများတွေ့ရှိသဖြင့် စစ်နည်းဗျူဟာမြောက် ချီတက် ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့အခြေပြုနေ ထိုင်သည့်စခန်း အားသိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက် ကျဆုံးများစွာဖြင့် တစ်ဖက်နိုင်ငံအတွင်းသို့ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအခြေပြုနေထိုင်သည့် အခိုင်အမာတည်ဆောက် ထားသည့်စခန်းအား အသေးစိတ် ရှင်းလင်းခဲ့ရာ ၁၀ ပေ ပတ်လည် ဘန်ကာအပါ မောင်းတံဂိတ် ၁ ခု၊ အလျား ၂၀ပေ၊အနံ ၁၅ ပေဓနိမိုး ထရံကာလူနေအဆောက်အအုံ ၇ လုံး၊ အလျား ၂၀ပေ၊အနံ ၁၅ ပေသွပ်မိုးပျဉ်ကာ လူနေအဆောင်အအုံ ၃ လုံ၊ အလျား ၃၀ပေ အနံ ၁၅ ပေ အိပ်ဆောင် ၃ လုံး၊ (အလံခုံအပါ) အကျယ် ၄၀၀ ပေပတ်လည် စစ်ရေးပြကွင်းနှင့် လေ့ကျင့်ရေးကွင်း ၁ ကွင်း၊ အလျား၃၀ပေ၊ အနံ ၁၅ ပေ သွပ်မိုးပျဉ်ကာ အဆောက်အအုံ ၁ ခု၊ ၁၅ပေပတ်လည် ထရံကာ၊မိုးကာမိုး ဆေးပေးခန်း ၁ ခု၊ ၁၂ ပေပတ်လည် ပျဉ်ကာ၊မိုးကာမိုး အချုပ်ခန်း ၁ ခု၊ အလျား ၂၀ပေ၊ အနံ ၁၅ ပေ ထမင်းစားဆောင် ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၂၀ပေ သွပ်မိုးပျဉ်ကာ ခဲယမ်းတိုက် ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ မီးစက်တဲ ၁ လုံ၊ Tipper ကား ၁ စီး၊ loader ယာဉ် ၁ စီး၊ ကားသေး ၃ စီး၊ ၃ ဘီး ၁ စီး၊ ၁ လုံးထိုး သေနတ် ၂ လက်၊ ၆၀ မမဗုံးသီး ၅ လုံး၊ လက်ကိုင်စကားပြောစက် ၇ လုံး၊ မီးစက်အကြီး နှင့် အခြား ဆက်စပ်ပစ္စည်များကို တွေ့ရှိသိမ်းပိုက်ရရှိခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး တမူးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်ဖက်သောင်းကျန်သူများအား တိုက်ခိုက် ချေမှုန်းနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)