သုတေသနဌာနနှင့် တက္ကသိုလ်များတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (TISC) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

သုတေသနဌာနနှင့် တက္ကသိုလ်များတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (TISC) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


နေပြည်တော်၊ ဇွန် ၁၂

နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (Technology and Innovation Support Center-TISC) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၂ ၌ ကျင်းပသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာ ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားတွင် ဦးစီးဌာန ၅ ခု၊ တက္ကသိုလ် ၃၀ တို့ဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ သုတေသနဌာနနှင့် တက္ကသိုလ်များတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (TISC) တည်ထောင်ခြင်းဖြင့် နည်းပညာနှင့်ပတ်သက်သော သတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင်ခြင်း၊ နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ထိရောက်စွာသုံးစွဲနိုင်ခြင်းနှင့် တီထွင်ဖန်တီးမှုများတွင် အသုံးချနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများကို လှုံ့ဆော်ပေးခြင်းနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆန်းသစ်တီထွင် မြန်ပြည်တစ်ခွင် မူပိုင်ခွင့်ဖြင့် တို့မြှင့်တင် Documentary ကို ပြသပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြကာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Innovation and IP ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တီထွင်ဆန်းသစ်မှု မြှင့်တင်စေမည့် TISC ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပ ပြီး သက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)