ဗင်နီဇွဲလားမှာ ငလျင်အကြီးကြီး ၂ခု ဆက်တိုက် လှုတ်ခဲ့လို့ အပျက်အစီး အများအပြားဖြစ်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗင်နီဇွဲလားမှာ ငလျင်အကြီးကြီး ၂ခု ဆက်တိုက် လှုတ်ခဲ့လို့ အပျက်အစီး အများအပြားဖြစ်ပေါ်



 ဇွန် - ၂၅  ( ကြာသပတေးနေ့ )

မနေ့က  ဗင်နီဇွဲလားမြောက်ဘက်ကမ်းရိုးတန်းမှာ အင်အားပြင်းငလျင် နှစ်ကြိမ်ဆက်တိုက် လှုပ်သွားလို့ တစ်မိနစ်တောင်မပြည့်တဲ့ အချိန်အတွင်း မြို့တော် ကာရာကတ်စ်  က အဆောက်အအုံ တော်တော်များများ ပျက်စီးသွားပါတယ်။ ပထမငလျင်က ပမာဏ  ၇.၂ ရှိပြီး၊ အဲဒီနောက် မကြာခင်မှာပဲ ပမာဏ ၇.၅ ရှိတဲ့ ဒုတိယငလျင် ထပ်လှုပ်ခဲ့တာပါ။

လိုင်းပေါ်တင်တဲ့ ဗီဒီယိုတွေထဲမှာတော့ တိုက်မြင့်ကြီးတွေရဲ့ နံရံတွေမှာ အက်ကြောင်းအကြီးကြီးတွေ ဖြစ်သွားတာနဲ့ လမ်းတွေပေါ်ကနေ မီးခိုးတွေ ထွက်နေတာကို မြင်ရပါတယ်။ လောလောဆယ်အထိတော့ လူထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာမျိုး သတင်းတွေ ထွက်မလာသေးပါဘူး။

အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ ပြောပြချက်အရ ငလျင်ဗဟိုချက်ဟာ ဗင်နီဇွဲလား ကာရစ်ဘီယံကမ်းရိုးတန်းမှာရှိတဲ့ မိုရွန်မြို့ရဲ့ အနောက်ဘက် ၂၁ ကီလိုမီတာလောက်အကွာမှ ဖြစ်ပါတယ်။ ဒီငလျင်ရဲ့ တုန်ခါမှုကို ဗင်နီဇွဲလားနိုင်ငံ ဒေသတော်တော်များများအပြင် အိမ်နီးနားချင်း ကိုလံဘီယာနိုင်ငံမှာပါ ခံစားခဲ့ရပါတယ်။

ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယိုစဒါဒို ကာဘယ်လိုရဲ့ ပြောပြချက်အရ မြို့တော်ရဲ့ လော့စ်ပါးလော့စ် ဂရန်ဒက်စ် နဲ့ အာလ်တာမီရာ  ရပ်ကွက်တွေမှာ လူနေအဆောက်အအုံတွေအပါအဝင် အဆောက်အအုံ တော်တော်များများ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို ကူညီဖြေရှင်းပေးဖို့အတွက်လည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို အင်တိုက်အားတိုက် စေလွှတ်ထားတယ်လို့ သူကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကာဘယ်လိုက မြို့တော်ကာရာကတ်စ် တင်မကဘဲ အာရာဂွါ ၊ ကာရာဘိုဘို ၊ လာဂွါအီရာ၊ မီရန်ဒါ ၊ ထရူဟီယို  နဲ့ ယာရာကွီ  ပြည်နယ်တွေမှာပါ ငလျင်ဒဏ်ကို “ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်” လို့ ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာ အသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ ငလျင်ကတော့ ၁၉၆၇ ခုနှစ်က လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြို့တော် ကာရာကတ်စ်မှာတင် လူပေါင်း ၃၀၀ နီးပါး သေဆုံးကာ ၁,၆၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၇ ခုနှစ်တုန်းကလည်း နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ ငလျင်တစ်ခု ထပ်လှုပ်ခဲ့လို့ အနည်းဆုံး လူ ၈၁ ဦး သေဆုံးခဲ့ဖူးပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)