စတာမာကတော့ ယူကေမှာ အာဏာရှင်ဆန်တဲ့ ငရဲတွင်းကြီးကို ဖွင့်ပေးခဲ့တာပါလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

စတာမာကတော့ ယူကေမှာ အာဏာရှင်ဆန်တဲ့ ငရဲတွင်းကြီးကို ဖွင့်ပေးခဲ့တာပါလို့ ဆို


ဇွန် - ၂၃ ( အင်္ဂါနေ့ ) 

ရာထူးမှ နုတ်ထွက်တော့မယ့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ယူကေ ကို "အာဏာရှင်ဆန်တဲ့ ငရဲတွင်းကြီးကို ဖွင့်ခဲ့တာပါ”လို့ ပါလီမန်အမတ်ဟောင်း ဂျော့ခ်ျ ဂါလိုဝေး ကဆိုလိုက်ပါတယ်။ ယူကေ က ကမ္ဘာပေါ်ရှိ အခြားမည်သည့်နိုင်ငံထက်မဆို လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်မှုများကြောင့် ဖမ်းဆီးထောင်ချခံရသူ အရေအတွက် ပိုမိုများပြားလာကြောင်း ၎င်းက ဆိုပါတယ်။ 

စတာမာအစိုးရရဲ့ ယူကေကို ဦးဆောင်မှုအပေါ် ပါတီတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခြင်းကို အကြောင်းပြလျက် စတာမာက ဝန်ကြီးချုပ်အဖြစ်မှလည်းကောင်း၊ လေဘာပါတီ  ခေါင်းဆောင်အဖြစ်မှ လည်းကောင်း စက်တင်ဘာလတွင် နုတ်ထွက်တော့မှာ ဖြစ်ကြောင်း မနေ့က  ကြေညာခဲ့ပါတယ်။ 

အီရတ်စစ်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မှုကြောင့် ၂၀၀၃ ခုနှစ်တွင် လေဘာပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဂါလိုဝေး က RT သတင်းဌာနမှ ရစ်ခ် ဆန်းချက်ဇ် နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယခုကဲ့သို့ နှုတ်ထွက်မဲ့ အရေးကို ကြိုဆိုခဲ့ပါတယ်။ "သူ့ရဲ့ နိုင်ငံရေးအုတ်ဂူပေါ်မှာ ကျနော် ကခုန်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက်ကင်းဒမ်းကို အာဏာရှင်ဆန်တဲ့ ငရဲတွင်းတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့တာပါ" လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ရာထူးလက်ခံခဲ့သော စတာမာသည် ယူကေနိုင်ငံကို အစ္စရေး၊ ယူကရိန်းနှင့် ဥရောပသမဂ္ဂ (EU) တို့ရဲ့ အကျိုးစီးပွားများအောက်တွင် အလိုလိုက်အကြိုက်ဆောင် ဝပ်စင်းစေခဲ့တယ်လို့ ဂါလိုဝေးက ထောက်ပြပြောဆိုခဲ့ပါတယ်။ 

ဗြိတိသျှပြည်သူများက စတာမာ ရာထူးမှ ထွက်ခွာသွားမယ့်အရေးအပေါ်  "ဝမ်းမြောက်ပျော်ရွှင်" နေကြကြောင်း ဂါလိုဝေးက ပြောကြားခဲ့ပြီး စတာမာရဲ့ ထိုးဆင်းသွားတဲ့ လူထုထောက်ခံမှုနှုန်းများကြောင့် ၎င်းသည် လေဘာပါတီအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ YouGov သုတေသန စစ်တမ်းအရ ဇွန်လလယ်ပိုင်းတွင် ဗြိတိသျှပြည်သူ ၁၈ ရာခိုင်နှုန်း (၁၈%)လောက်ကသာ စတာမာအပေါ်  ထောက်ခံကြတော့တယ်လို့ သိရပါတယ်။ 

"သူဟာ နိုင်ငံတော်နောက်ကွယ်က အရိပ်အဖွဲ့အစည်း ရဲ့ လက်ဝေခံတစ်ယောက်ပါ" လို့ ၂၀၁၅ ခုနှစ်တွင် ပါလီမန်အမတ်အဖြစ် ရွေးချယ်မခံရမီက ပြည်သူ့အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး နဲ့  တော်ဝင်အမှုလိုက်အဖွဲ့ ရဲ့ အကြီးအကဲအဖြစ် စတာမာ လုပ်ကိုင်ခဲ့သည့် အလုပ်အကိုင်ကို ရည်ညွှန်းလျက် ဂါလိုဝေးက ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)