ကျိုက်ထိုမြို့နယ်၌အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး




ကျိုက်ထို၊ ဇွန်  ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယမန် နေ့မှစတင်ထုတ်ပေးခဲ့ရာ ယနေ့ တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်မိမိတို့အဆင်ပြေသည့်နေ့တွင်လာရောက်ထုတ်ယူနိုင်ကြောင်း၊ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက် အထားများဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအားအလှည့်ကျစနစ်ဖြင့်ထုတ်ယူခွင့်ပေးပြီးအသက်အရွယ်ကြီးရင့်သူများကိုလည်းအခက်အခဲမရှိစေရေး အတွက်စနစ်တကျဆောင်ရွက်ပေးထားကြောင်းနှင့်‌ ဇွန်(၂၂)ရက် နေ့တွင်အငြိမ်းစားဝန်ထမ်း(၄၄၅)ဦးအားငွေကျပ် (၉၁၅၉၉၇၇၃)ကျပ်(၁၀)ပြားကိုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ယခုအချိန်တွင်ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အား(Centralizede- Pension.)စနစ်ဖြင့် အဆင့်မြှင့်တင်ထားသည့်အတွက် မည်သည့်ဘဏ်မှမဆို လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။ 


ပြည့်ဖြိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)