ရန်ကုန်၊ ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုး (ခ)ထွန်းစိုး သည် အတုလမာရ်အောင်ဘုရားလေးရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် ရဟန်းသံဃာတော်များအား ညစ်ညမ်းစွာ ငါနှင့် ကိုင်တုတ် ဆဲဆိုကြိမ်းမောင်းပြီး "မင်းတို့ ဘုန်းကြီးတွေက သူတောင်းစားတွေ၊ နေ့တိုင်းတောင်းစားနေတာ၊ တောင်းမှစားရတဲ့ကောင်တွေ" ဟု ယုတ်ညံ့သိမ်ဖျင်းစွာ မူးယစ်ရမ်းကား ပြောဆိုခဲ့သည့်အပေါ် သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူတချို့က လက်မှတ်ရေးထိုးပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့က နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြားထားကြောင်း သိရသည်။
မှော်စက်ရပ်ကွက်နေ ပြည်သူတစ်ဦး က မူးယစ်ရမ်းကားသည့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုး (ခ) ထွန်းစိုး ၏ လုပ်ရပ်နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်ပြောဆိုပြီး တင်ပြတိုင်ကြားထားသည့် စာကို ဆက်သွယ် ပေးပို့ထားသည်။
အဆိုပါ တိုင်ကြားစာတွင် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုး (ခ) ထွန်းစိုးမှ ညကြီးအချိန်မတော် အရက်သေစာ မူးယစ်သောက်စား ရမ်းကားပြီး မှော်စက်ရပ်ကွက်၊ ဘုရားလေးကျောင်းအတွင်းသို့ ဝင်ရောက်၍ ကျောင်းထိုင်ဆရာတော် ဦးသိရိန္ဒနှင့်တကွ ရဟန်းသံဃာတော်များအား ငါ-ိုးမသား ထွက်ခဲ့၊ မင်းတို့ဘုန်းကြီးတွေက သူတောင်းစားတွေ၊ နေ့တိုင်းတောင်းစားနေတာ၊ တောင်းမှ စားရတဲ့ကောင်တွေ၊ နေ့တိုင်း အလှူခံစားနေတဲ့ ကောင်တွေ၊ ဘာဘုန်းကြီးတွေလဲ ဘာအဆင့်မှမရှိဘူး၊ အလကားကောင်တွေ၊ မင်းတို့ ဒီကျောင်းမှာမနေနဲ့ ၊ မင်းတို့က ဒီကျောင်းနဲ့မတန်ဘူး၊ မင်းတို့အားလုံးကို ဒီကျောင်းကနေ ထွက်သွားရအောင် ငါလုပ်မယ်၊ ဟေ့ကောင် သိရိန္ဒ ငါဘာကောင်လဲဆိုတာ သိစေရမယ်၊ မင်းတို့ ဘုန်းကြီးအားလုံး နေစရာ ထိုင်စရာမရှိအောင် ငါလုပ်ပြမယ်" အစရှိသော ယုတ်ညံ့သိမ်ဖျင်းစွာ ဆဲဆိုစော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူတချို့က လူရမ်းကား အုပ်ချုပ်ရေးမှူး ကို အရေးယူပေးရန် လက်မှတ်ရေးထိုး တင်ပြတိုင်ကြားထားပြီး အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က ဆရာတော် ဦးသိရိန္ဒ ထံသို့ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့ ည (၁၀ ၀၀)နာရီကျော်ခန့်က ဖြစ်ပေါ်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး က လာရောက်ဆဲဆိုနေသည်ကို သံဃာတော်များကို ဆဲဆိုနေခြင်းဖြစ်ကြောင်း မူလက မသိခဲ့ရကြောင်း၊ နာမည်တပ် ဆဲဆို ပြောဆိုလာတော့မှသာ သတိပြုမိခဲ့ကြောင်း၊ ကျောင်းအနီးဝန်းကျင်တွင် ဘာသာခြားများလည်း ရှိနေကြောင်း၊ ယခုကဲ့သို့ အုပ်ချုပ်ရေးမှူး တစ်ယောက်က သံဃာတော်များကို လာရောက်ဆဲဆို စော်ကားခြင်းကြောင့် သံဃာတော်များ အရှက်တကွဲ ဖြစ်ခဲ့ရကြောင်း မိန့်ကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ကြားထားမှုအပေါ် အရေးယူဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ မြန်မာနေရှင်နယ်ပို့စ် က မေးမြန်းထားသည်။
#MNP #News

No comments:
Post a Comment