အမေရိကန်က အီရန်ရေနံအပေါ်ပိတ်ဆို့ထားတာကို ဖွင့်ပေးလိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က အီရန်ရေနံအပေါ်ပိတ်ဆို့ထားတာကို ဖွင့်ပေးလိုက်ပြီ


ဇွန် - ၂၂ ( အင်္ဂါနေ့ ) 

အမေရိကန်နိုင်ငံသည် အီရန်၏ ရေနံကဏ္ဍအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ယာယီကင်းလွတ်ခွင့်ပြုလိုက်ပြီး အီရန်နိုင်ငံထုတ် ရေနံစိမ်းနှင့် ရေနံဓာတုပစ္စည်းများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ပို့ဆောင်ခြင်းနှင့် တင်သွင်းခြင်းတို့ကို ခွင့်ပြုလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။  အဆိုပါ ကြေညာချက်က ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပထမအကျော့ ဆွေးနွေးပွဲအပြီး ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

အီရန်နိုင်ငံဆိုင်ရာ အထွေထွေလိုင်စင် အိတ်စ် က အီရန်နိုင်ငံမှ ထွက်ရှိသော "ရေနံစိမ်း၊ ရေနံဓာတု ထုတ်ကုန်များနှင့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပို့ဆောင်ခြင်းနှင့် ရောင်းချခြင်း" တို့ကို ရက်ပေါင်း ၆၀ ကြာ ကာလအပိုင်းအခြားတစ်ခုအဖြစ် ခွင့်ပြုပေးမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်တ် က တနင်္လာနေ့တွင် အိတ်စ်မီဒီယာ (တွစ်တာ) ပေါ်၌ ပြောကြားခဲ့ပါတယ်။ 

အဆိုပါ လိုင်စင်တွင် သင်္ဘောစီမံခန့်ခွဲမှု၊ အာမခံ၊ သင်္ဘောသားအင်အားစုဆောင်းမှု၊ သင်္ဘောဆီဖြည့်တင်းမှု၊ သင်္ဘောအဆင့်အတန်းသတ်မှတ်မှု နဲ့ အရေးပေါ် ပြင်ဆင်မှုများအပါအဝင် စွမ်းအင်ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့ ဝန်ဆောင်မှုများကိုလည်း အကျုံးဝင်ခွင့်ပြုထားပါတယ်။ ဝယ်ယူသူများက ယခုလိုင်စင်အရ ခွင့်ပြုထားတဲ့ အရောင်းအဝယ်ကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာအခြေပြု ရန်ပုံငွေများဖြင့် အီရန်နိုင်ငံ၊ အီရန်အစိုးရ သို့မဟုတ် ပိတ်ဆို့အရေးယူခံထားရတဲ့ အီရန်အဖွဲ့အစည်းများထံသို့ ငွေပေးချေမှုများ ပြုလုပ်ခွင့်ရှိပါတယ်။ 

မတ်လက ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ရက်မတိုင်မီ ရေနံတင်သင်္ဘောများပေါ်သို့ တင်ဆောင်ပြီးသား ရေနံများအတွက်သာ ကန့်သတ်ခွင့်ပြုခဲ့တဲ့ အထွေထွေလိုင်စင် Uနဲ့ မတူညီသည်မှာ ယခုလိုင်စင်အသစ်သည် (ရေနံ) ထုတ်လုပ်မှုလုပ်ငန်းစဉ်များကိုပါ ခွင့်ပြုပေးထားခြင်း ဖြစ်ပါတယ်။ 

ယခုလိုင်စင်က အီရန်နိုင်ငံမှ ထွက်ရှိတဲ့ ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းများနဲ့ ရေနံဓာတု ထုတ်ကုန်များကို အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းခြင်းကိုလည်း ခွင့်ပြုထားပြီး၊ ပုံမှန်အားဖြင့် အဆိုပါ သွင်းကုန်များကို ပိတ်ပင်တားမြစ်ထားတဲ့ ကန့်သတ်ချက်များကို ယာယီဆိုင်းငံ့ပေးလိုက်ခြင်း ဖြစ်ပါတယ်။ 

ယခုကဲ့သို့ ခွင့်ပြုချက်ပေးခြင်းသည် ယခုလအစောပိုင်းက အမေရိကန်နှင့် အီရန်တို့အကြား ရရှိခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MOU) ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ အဆိုပါ နားလည်မှုစာချွန်လွှာတွင် အီရန်၏ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့ထားမှုများကို ချက်ချင်း ကင်းလွတ်ခွင့်ပြုမယ်လို့ အမေရိကန်ဘက်က ကတိပြုခဲ့တာပါ။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)