မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများဟာ အိမ်ကွင်းဝတ်စုံကို အနီရောင်ပဲ တောက်လျှောက်ဝတ်ဆင်ခဲ့ပါတယ်။ အဝေးကွင်းအေနေနဲ့ ကစားရတဲ့အခါ အဖြူနဲ့ အခြားအရောင်များ ဝတ်ဆင်တာကို သတိပြုမိပါတယ်။
ဘောလုံးအသင်းတွေရဲ့ ဝတ်စုံဟာ နိုင်ငံအလံကို ကိုယ်စားပြု ထင်ဟပ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများမှာ ဆိုရင် ပုံမှန်အိမ်ကွင်း အနီရောင်ဝတ်ဆင်မှုဟာ မြန်မာ၊ အင်ဒို၊ လာအို၊ စင်္ကာပူ၊ တီမော ငါးနိုင်ငံအထိ ရှိနေပါတယ်။ မလေးရှားအသင်းကတော့ အဝါရောင်ကို ဝတ်ဆင်တာတွေ့ရပါတယ်။
မြန်မာအသင်းအနေနဲ့ အိမ်ကွင်းဝတ်စုံကို အဖြူ (သို့မဟုတ်) ရွှေဝါရောင်ဟာ နိုင်ငံတော်အလံနဲ့ ပိုပြီး ထင်ဟပ်မှု ရှိတယ်လို့ ယူဆပါတယ်။
အနီရောင်ဝတ်စုံဟာ မြန်မာ့လက်ရွေးစင်ကစားသမားများနဲ့ လိုက်ဖက်မှု အားနည်းသလို အောင်မြင်မှုနဲ့ ဝေးကွာနေတာကိုလည်း သတိချပ်သင့်ပါတယ်။
ရွှေမြန်မာဆိုသည့်အတိုင်း ရွှေဝါရောင်ဝတ်စုံနဲ့သာဆိုရင် ပိုမိုလိုက်ဖက်ပြီး အောင်မြင်မှုတွေလည်း ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။
မြန်မာ့ပုံရိပ်ကို မြှင့်တင်ရာမှာ လိုက်ဖက်မှုရှိတဲ့ အရောင်နဲ့ ကိုယ်စားပြုစေလိုခြင်း ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် သက်တမ်းအလိုက် လက်ရွေးစင်ကစားသမားများအားလုံး ရွှေမြန်မာကို ကိုယ်စားပြုတဲ့ ရွှေဝါရောင် ဝတ်စုံများဖြင့် ပြိုင်ပွဲဝင်ပြီး အောင်မြင်မှုတွေ ရယူစေချင်ပါတယ်။
#MNP #News



No comments:
Post a Comment