ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေး သတိပေးနှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေး သတိပေးနှိုးဆော်


ဟုမ္မလင်း၊ ဇွန်  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပွားလာနိုင်သဖြင့် မြေနှိမ့်ပိုင်းများနှင့်ရေဝင်ရောက်နိုင်သည့် နေရာများတွင် နေထိုင်ကြသည့်ပြည်သူများကြိုတင်သတိပြု နေထိုင်စေရေးအသိပေးနိုးဆော်မှုကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့အနီးတဝိုက်ချင်းတွင်းမြစ်ကမ်းဘေး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးသန်းဌေးတို့က၊ ဦးဆောင်၍ခရိုင်/မြို့နယ် အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ဟုမ္မလင်းမြို့၏ချင်းတွင်းမြစ်အထက်ပိုင်းနှင့် အောက်ပိုင်းရှိရပ်ကွက်/ကျေးရွာများ၊ မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် ကြိုတင် သတိပြုနေထိုင်စေရေးလိုက်လံနှိုးဆော်ခြင်းပြုလုပ်ခဲ့သည်။

အဆိုပါ ကြိုတင်သတိပြုနေထိုင်စေရေး အသိပေးနိုးဆော်မှုအား ဟုမ္မလင်းမြို့၊မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ဆိပ်ကမ်းမှ အမြန်ရေယာဥ်ဖြင့်ထွက်ခွာ၍ ချင်းတွင်းမြစ် အထက်ပိုင်းနှင့် အောက်ပိုင်းရှိရပ်ကွက်/ ကျေးရွာများသို့လိုက်လံနှိုးဆော် ခဲ့ကြကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)