ပုဇွန်တောင်၊ ဇွန် ၂၈
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာန နှင့်မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အနေဖြင့် အောင်မြင်သူ(၅၆)ဦးရှိပြီး ဂုဏ်ထူးရှင်(၁၇)ဦးထွက်ရှိကြောင်း သိရ သည်။
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၆၅ ဦး စုစုပေါင်းဖြေဆိုသူ ၁၁၇ ဦးရှိခဲ့ရာ အောင်မြင်သူကျောင်းသား ၂၄ ဦး၊ ကျောင်းသူ ၃၂ ဦး စုစုပေါင်းအောင်မြင်သူ ၅၆ ဦးရှိသည်။ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ များအနေဖြင့် (၅) ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦးရှိပြီး ရိုးရိုးအောင်မြင်သူ ၃၉ ဦးရှိရာ အောင်ချက်အနေဖြင့် ၄၇.၈၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကပ်ထားကြော်ငြာမှုအခြေအနေကို မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်
#MNP #News




No comments:
Post a Comment