သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅၉.၆၁)ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅၉.၆၁)ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ



သဲကုန်း ဇွန် ၂၈

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ အောင်စာရင်းများအား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးမှူးရုံးများနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီမှ စတင်ကာထုတ်ပြန်ကြေညာလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌အဆိုပါတက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုလျက်ရှိသည်။

၂၀၂၆ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိအောင်မြင်စွာကျင်းပနိုင်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုဖြစ်သော အ.ထ.က (သဲကုန်း)၊ အ.ထ.က(ပုတီးကုန်း)၊ အ.ထ.က(ဆင်မြီးဆွဲ)၊ အ.ထ.က(အင်းမ)စာစစ်ဌာနတို့တွင် ကျောင်းသား (၃၈၄)ဦး၊ ကျောင်းသူ (၄၉၅)ဦး စုစုပေါင်း (၈၇၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ ဖြေဆိုအောင်မြင်သူ(၅၂၄)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၅၉.၆၁) ရာခိုင်နှုန်းဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၁၅)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၄၃)ဦး၊ ရိုးရိုးအောင်မြင်သူ(၄၄၆)ဦးဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ သဲကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၇၆၂)ဦးတွင် (၂၄၂)ဦးဖြေဆိုအောင်မြင်ခဲ့ပြီးအောင်ချက်ရာခိုင်နှုန်း ၃၂.၆၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။


ကိုကျော် (သဲကုန်း)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)