တာမွေမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း (၆၀.၀၄)ရာခိုင်နှုန်းအထိရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း (၆၀.၀၄)ရာခိုင်နှုန်းအထိရှိ






တာမွေ၊ ဇွန်  ၂၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ် ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်(၆)နာရီအချိန်မှစတင်ကာ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက် တည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် တာမွေမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူဦးရေ(၁၀၀၆)ဦးရှိပြီး ကျောင်းသား/ သူ (၆၀၄)ဦးဖြေဆိုအောင်မြင်ခဲ့၍ မြို့နယ်အတွင်း အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် (၆၀.၀၄)ရာခိုင်နှုန်းအထိရှိကြောင်း၊ ဂုဏ်ထူးရရှိမှုအနေဖြင့် ငါးဘာသာဂုဏ်ထူးရှင်(၈)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၄၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၅၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၆၅)ဦး စုစုပေါင်းဂုဏ်ထူးရှင်(၁၉၀)ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ထိုကဲ့သို့ တာမွေမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန် ကြေညာရာတွင် လာရောက်ကြည့်ရှုသူများအနေဖြင့် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက် လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ ရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် အဆိုပါ ၂၀၂၅ - ၂၀၂၆ ပညာ သင်နှစ် တက္ကသိုလ်စာမေးပွဲအောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်တွင်လည်း အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်( တာမွေ )

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)