ဇွန် - ၉ ( အင်္ဂါနေ့ )
ဂျာမန်အဓိပတိ ဖရိုင်ဒရစ် မားဇ် ကို ရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ထောင်နှင့်ချီသော ဆန္ဒပြသူများက တနင်္လာနေ့မှာ ဘာလင်မြို့ လမ်းမများပေါ်သို့ ထွက်လာခဲ့ကြပါတယ်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ ဆန္ဒပြပွဲသို့ ဂျာမနီနိုင်ငံတစ်ဝှမ်းမှ ပါဝင်သူများ လာရောက်ခဲ့ကြပြီး အများစုကတော့ ပွဲစီစဉ်သူတွေ စီစဉ်ပေးတဲ့ ကားတွေနဲ့ မြို့တော်သို့ ခရီးနှင်ခဲ့ကြခြင်း ဖြစ်ပါတယ် ။ ပွဲစီစဉ်သူများက တက်ရောက်သူ ၁၀,၀၀၀ ရှိကြောင်း စာရင်းသွင်းထားပေမဲ့ ဘာလင်ရဲတပ်ဖွဲ့ကမူ လူစုလူဝေးတွင် ၄,၀၀၀ ခန့်သာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဆန္ဒပြသူများသည် ဂျာမန်အလံများကို ကိုင်ဆောင်ကာ “ကျနော်တို့ရဲ့အဓိပတိမဟုတ်ပါ” နဲ့ “မားဇ် ဆင်းပေးပါ” စသည့် ကြွေးကြော်သံများပါရှိတဲ့ ဆိုင်းဘုတ်များကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပြီး မည်သည့်မလိုလားအပ်သော ဖြစ်ရပ်မျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
လယ်သမားများ၊ ကုန်သည်များ၊ လုပ်ငန်းပိုင်ရှင်များ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်သားများ၊ အလုပ်သမားများ၊ ပင်စင်စားများနှင့် မိခင်များအပါအဝင် ဘက်မလိုက်သောအဖွဲ့ Project M1llion မှ စီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။ "ဒီမှာ တစ်ခုခုမှားနေပြီဆိုတာ သိတဲ့လူတွေအားလုံးပါပါတယ်" လို့ ပြောပါတယ်။
၎င်း၏ဝဘ်ဆိုဒ်တွင် လှုပ်ရှားမှုသည် "လက်ရှိဖက်ဒရယ်အစိုးရမှနုတ်ထွက်ခြင်း နဲ့ ချက်ချင်းရွေးကောက်ပွဲ အသစ်များလုပ်ပေးပါ" ဆိုတဲ့ အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ပါတယ်။ ၎င်းသည် "မည်သည့်စစ်တိုက်လိုတဲ့ ပါတီမဆို" အတွက် ဘဏ္ဍာရေးအထောက်အပံ့ကို မပေးနိုင်ဘူးလို့ တောင်းဆိုထားပါတယ်။
သူတို့က ယူကရိန်းလို့ ခေါင်းစဉ်မတပ်ကြပေမဲ့ ဂျာမနီက ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခများ ပြင်းထန်လာချိန်မှ စ၍ ကိယက်ဗ်ကို စစ်ရေးနှင့် ငွေကြေးအကူအညီ ယူရို ဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးခဲ့တာနဲ့ ပတ်သက်ပြီး ရည်ညွှန်းခဲ့ကြပါတယ်။
အဲ့ဒိအဖွဲ့က ဂျာမနီရဲ့ အစိမ်းရောင်စွမ်းအင်မူဝါဒအများအပြားကို နောက်ပြန်ဆုတ်ရန်နဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နှောင့်နှေးမှုမရှိဘဲ ပြည်နှင်ဒဏ်ပေးရန်လည်းတောင်း ဆိုခဲ့ကြပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment