အာဆီယံကော်မတီဝါရှင်တန်(ACW)၏ လှုပ်ရှားမှုအစီအစဉ်အဖြစ် အမေရိကန်စစ်မှုရေးရာဝန်ကြီးဌာန၊ မူဝါဒရေးရာ Under Secretary နှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးပါဝင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံကော်မတီဝါရှင်တန်(ACW)၏ လှုပ်ရှားမှုအစီအစဉ်အဖြစ် အမေရိကန်စစ်မှုရေးရာဝန်ကြီးဌာန၊ မူဝါဒရေးရာ Under Secretary နှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးပါဝင်တက်ရောက်



ဝါရှင်တန်၊ ဇွန် ၉

 အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန်(ASEAN Committee in Washington, ACW)၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား သံအမတ်ကြီးဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် အမေရိကန်စစ်မှုရေးရာ ဝန်ကြီးဌာန၊ မူဝါဒရေးရာ Under Secretary H.E. Mr. Elbridge A. Colby နှင့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ အာဆီယံသံအမတ်ကြီးများ၊ အခြားအာဆီယံသံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ 

အလုပ်သဘောနေ့လယ်စာစားပွဲတွင် တက်ရောက်လာသည့် ကိုယ်စားလှယ် များက အာဆီယံ-အမေရိကန်ဘက်ပေါင်းစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ၂၀၂၆ ခုနှစ်တွင် အမျိုးသားကာကွယ်ရေးမဟာဗျူဟာအရ ဆောင်ရွက်ရန် ရည်ရွယ်ချက်များနှင့် ဒေသတွင်း၌ ဝန်ကြီးဌာန၏ ကြိုးပမ်းမှုများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)