ကျိုက်ထို၊ ဇွန် ၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် လက်ထရောနစ်စနစ် မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းလုပ်ငန်း(MBDR) သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးက အဖွင့်အမှာစကားပြောကြားပြီး (ကျန်းမာရေးမှူး-၁) ဦးထွန်းညီညီက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ (ကျန်းမာရေးမှူး-၃) ဒေါ်ပိုးအိအိစိုးက သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ(၆)ဦးတို့က သင်တန်းသား/သူ (၅၈)ဦးတို့အား (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး
#MNP #News



No comments:
Post a Comment