မြောက်ဥက္ကလာပ၊ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ် (၄ )အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား၊ကျောင်း သူများ အသိပညာဗဟုသုတများ ရရှိ စေရန် အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ် (၄ )အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ် သိင်္ဂီပြည့်ဖြိုးက မိမိတို့ဦးစီးဌာနမှ လူငယ်၊လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူငယ် ၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်း နှင့် ပြင်ပ ဗဟုသုတများတိုးပွားလာစေခြင်းအကျိုးကျေးဇူးများ ရရှိစေခြင်း ၊ စာအုပ်စာပေ များကို နေ့စဉ်ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း စသည့် အသိပညာ ဗဟုသုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က လူငယ် နှင့် စာပေ အကြောင်းအား အကျယ်တ၀င့် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများ ၊ သုတ ရသ စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News




No comments:
Post a Comment