ကိုလံဘီယာမှာ ကိုကင်းရောင်းရငွေက အများဆုံးဖြစ်ခဲ့တယ်တဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုလံဘီယာမှာ ကိုကင်းရောင်းရငွေက အများဆုံးဖြစ်ခဲ့တယ်တဲ့



ဇွန် - ၂၄ ( ဗုဒ္ဓဟူးနေ့ ) 

အစီရင်ခံစာအသစ်တစ်ခုအရ ၂၀၂၄ ခုနှစ်အတွင်း ကိုလံဘီယာနိုင်ငံရဲ့ တရားမဝင် ကိုကင်းမှောင်ခိုကုန်သွယ်မှု ကနေ ရရှိတဲ့ဝင်ငွေဟာ နိုင်ငံရဲ့ ရေနံတင်ပို့မှုကရတဲ့ ဝင်ငွေထက်တောင် ပိုများသွားပြီး နိုင်ငံခြားငွေအများဆုံးရတဲ့ ရင်းမြစ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

မက်ဒလင်းမြို့မှာရှိတဲ့ EAFIT တက္ကသိုလ်ရဲ့ ဗလာပါဘလစ်ကို သုတေသနစင်တာက ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ၂၀၂၄ ခုနှစ်မှာ ကိုကင်းထုတ်လုပ်မှုနဲ့ မှောင်ခိုကူးမှုတွေကြောင့် ကိုလံဘီယာ ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံ (၁၆,၅၀၀ သန်း) ခန့် ဝင်ငွေရခဲ့ကြပါတယ်။ ဒါဟာ ကိုလံဘီယာနိုင်ငံရဲ့ တစ်နှစ်တာ စီးပွားရေးကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၄.၄ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။

အဲဒီဝင်ငွေပမာဏဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင်စီးပွားရေးရဲ့ အဓိကမဏ္ဍိုင်ကြီးဖြစ်တဲ့ ရေနံစိမ်းတင်ပို့မှုကနေ ၂၀၂၄ ခုနှစ်မှာ ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ (၁၅,၀၀၀ သန်း) ထက်တောင် ပိုပြီး ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

EAFIT တက္ကသိုလ်ရဲ့ သုတေသန စင်တာ ညွှန်ကြားရေးမှူးလည်းဖြစ်၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ စန်တီယာဂို တိုဘွန် နဲ့ စီးပွားရေးပညာရှင် ဒန်နီရယ် မဟီယာ တို့ ဦးဆောင်တဲ့ အခုသုတေသနအရ — ကိုလံဘီယာနိုင်ငံမှာ ကိုကင်းစီးပွားရေးရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခု (၁၀ နှစ်) အတွင်းမှာ သုံးဆအထိ တိုးပွားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုအရ ကိုကင်းမှောင်ခိုကူးမှုကရတဲ့ ဝင်ငွေဟာ ရေနံတင်မကဘဲ နိုင်ငံရဲ့ အခြားရိုးရာတရားဝင် ပို့ကုန်တွေကိုပါ ကျော်လွန်သွားခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်ဒေါ်လာ ၇.၁ ဘီလီယံ (၇,၁၀၀ သန်း) ဖိုး တင်ပို့ခဲ့ရတဲ့ ကျောက်မီးသွေးလုပ်ငန်းအပြင်၊ ကော်ဖီ၊ ရွှေနဲ့ ပန်းစိုက်ပျိုးထုတ်လုပ်မှုလိုမျိုး တရားဝင်ပို့ကုန်တွေကရတဲ့ ဝင်ငွေတွေထက်ပါ ကိုကင်းမှောင်ခိုဝင်ငွေက ပိုပြီးများပြားသွားတာ ဖြစ်ပါတယ်။

သုတေသနပြုလုပ်ခဲ့သူတွေရဲ့ ပြောပြချက်အရ — အခုလို ကိုကင်းဝင်ငွေက ရေနံထက် သာလွန်သွားရတဲ့အချက်ဟာ ပြည်တွင်းမှာ ကိုကင်းဈေးနှုန်းတွေ တက်လာလို့ မဟုတ်ပါဘူး။ အဓိကကတော့ ကိုကာစိုက်ပျိုးတဲ့ဒေသတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ စက်ရုံတွေမှာ ကုန်ထုတ်လုပ်မှုစွမ်းအား အဆမတန် မြင့်တက်လာလို့ပဲ ဖြစ်ပါတယ်။

"ပြည်တွင်းဈေးကွက်မှာ ကိုကင်းဈေးနှုန်းတွေ ပိုကြီးလာလို့ မဟုတ်ပါဘူး။ တကယ်တော့ ပြောင်းပြန်ပါ။ အခု ကျနော်တို့ မြင်တွေ့နေရတာက သန့်စင်ပြီးသား ကိုကင်းအစစ်အမှန်တွေ ထုတ်လုပ်နိုင်တဲ့ ပမာဏ အမြောက်အမြား တိုးတက်လာတာကြောင့် ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။


REF: UPI

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)