ပေါင်၊ ဇွန် ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၇)လုံးတို့အား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ပြောင်းရွှေ့ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
လက်ပံကျွန်းကျေးရွာသည် မုတ္တမပင်လယ်ကွေ့ ဒေသတွင် တည်ရှိ၍ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် နှစ်စဉ်ရေတိုက်စားကာ ကမ်းပြိုကျလာမှုကြောင့် လူနေအိမ်များပြောင်းရွှေ့နေရကြောင်းသိရသည်။
မွန်မလေး
#MNP #News



No comments:
Post a Comment