ပျော်ဘွယ်၊ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးအောင်နိုင်ညွန့်၊ ဦးဇော်ဝင်းနှင့် ဒေါ်သန်းသန်းအေးတို့က လွှတ်တော်တက်ရောက်ရာတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က လွှတ်တော်ကျင်းပနေစဉ်ကာလတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး
#MNP #News


No comments:
Post a Comment