အစ္စရေးစစ်တပ်က ပါလက်စတိုင်းကလေးတွေကိုတောင် မရှောင်ဘဲ သုတ်သင်မှုတွေ လုပ်နေတယ် လို့ ကုလ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးစစ်တပ်က ပါလက်စတိုင်းကလေးတွေကိုတောင် မရှောင်ဘဲ သုတ်သင်မှုတွေ လုပ်နေတယ် လို့ ကုလ ဆို


ဇွန် - ၂၄ ( ဗုဒ္ဓဟူးနေ့ ) 

မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီကနေ ပြောကြားလိုက်တာကတော့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေပြီး ပါလက်စတိုင်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ပါလက်စတိုင်းသိမ်းပိုက်ခံနယ်မြေဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အစ္စရေးအာဏာပိုင်တွေနဲ့ စစ်တပ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။ ပြီးတော့ အောက်တိုဘာလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီးတဲ့နောက်မှာတောင် ကလေးငယ်တွေကို သတ်ဖြတ်မှုတွေဟာ ဆက်ပြီးဖြစ်ပွားနေတုန်းပဲလို့ ဆိုပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဆရီနီဗာဆန် မူရာလီဒဟာ က အခုလို ထုတ်ပြန်ပြောဆိုထားပါတယ်။ "အစ္စရေးလုံခြုံရေး တပ်ဖွဲ့တွေဟာ ပါလက်စတိုင်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ရှိနေပါတယ်။ ၂၀၂၅ အောက်တိုဘာ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်မှာတောင် အစ္စရေးဘက်က အပစ်ရပ်စဲရေးကိုရော၊ နိုင်ငံတကာဥပဒေအရ ပါလက်စတိုင်းကလေးတွေကို ကာကွယ်ပေးရမယ့် တာဝန်ကိုပါ လျစ်လျူရှုပြီး ကလေးတွေကို ဆက်လက်သတ်ဖြတ်တာ၊ ဒဏ်ရာအပြင်းအထန်ရအောင် လုပ်တာတွေ ဆက်လုပ်နေတုန်းပါပဲ" လို့ ဆိုပါတယ်။ 

အစီရင်ခံစာထဲမှာ ဖော်ပြထားတာကတော့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတာ၊ အစုလိုက်အပြုံလိုက် စိတ်ဒဏ်ရာရတာ၊ မိဘမဲ့ဖြစ်ရတာ၊ မိသားစုနဲ့ ကွဲကွာရတာ၊ မသန်မစွမ်းဖြစ်ရတာတွေ ကြုံနေရပါတယ်။ ဒါ့အပြင် နေရပ်ကနေ ခဏခဏ မောင်းထုတ်ခံရတာ၊ ငတ်မွတ်ခေါင်းပါးတာတွေအပြင် ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ လုံးဝပျက်စီးသွားတဲ့ ဒုက္ခတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ပိုဆိုးတာက ကလေးငယ်တွေဟာ အစ္စရေးအကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ခံရပြီး နှိပ်စက်ညှဉ်းပန်းတာကိုပါ ခံနေရတယ်လို့ ဆိုပါတယ်။

"ဂါဇာနဲ့ အနောက်ဖက်ကမ်းဒေသတွေမှာ ဗုံးသံ၊ သေနတ်သံတွေ စဲသွားရင်တောင်မှ ပါလက်စတိုင်း ကလေးငယ်တွေဟာ ချက်ချင်းကြီး နဂိုအတိုင်း ပြန်ကောင်းလာမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေ ပျက်စီးဆုံးရှုံးသွားရတာဟာ ဘယ်လိုမှ ပြန်မကုစားနိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ် လို့ ဆိုပါတယ်။ 

ဒါကြောင့် ကော်မရှင်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားတာကတော့ တိုက်ပွဲတွေအမြန်ဆုံး ရပ်တန့်ဖို့ ဝိုင်းဝန်းတွန်းအားပေးကြဖို့နဲ့ အစ္စရေးအနေနဲ့လည်း ဂါဇာဒေသကို ကျူးကျော်သိမ်းပိုက်ထားတာတွေကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်အဖွဲ့က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း အစ္စရေးရဲ့ ပြန်လည်တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ သေဆုံးသူပေါင်း ၇၃,၀၃၅ ကျော် ရှိလာခဲ့ပါပြီ။ အဲဒီအထဲမှာ ကလေးငယ်ပေါင်း ၂၁,၂၈၀ ကျော် ပါဝင်နေပါတယ်။

ပါလက်စတိုင်းသိမ်းပိုက်ခံနယ်မြေဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဆိုတာဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဝင် ၃ ဦးပါ ကော်မတီတစ်ခု ဖြစ်ပါတယ်။


REF: UPI

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)