ရပ်စောက်၌ ပရိယတ္တိသာသနာနုဂ္ဂဟစာအောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်၌ ပရိယတ္တိသာသနာနုဂ္ဂဟစာအောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပ





ရပ်စောက်၊ ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပရိယတ္တိသာသနာနုဂ္ဂဟ စာအောင်လက်မှတ်နှင့် အောင်စဉ်ဆုများဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇွန်(၂၂)ရက်နေ့ နေ့လယ်က မြို့ကုန်းရပ်ကွက် စူဌာမုနိကုသိုလ်တော်ဘုရားကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့မဘုရားကြီးကျောင်းတိုက်ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် စာပြန်ပွဲကျင်းပရေးကော်မတီ သံဃဩဝါဒခံသာသနရက္ခိတအဖွဲ့ဝင်တစ်ဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မြို့မဘုရားကြီး ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်ချအနုမောဒနာတရား ချီးမြှင့်ခဲ့ပြီး  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့် မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)