ရက်(၁၀၀)စီမံချက် မဟာဗန္ဓုလလမ်းတစ်လျှောက် (ဗိုလ်မြတ်ထွန်းလမ်း နှင့်စန္ဒကူးလမ်းကြား)ရှိ အမြင်မတင့်တယ်‌သော Wi-Fi ကြိုးနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျ ရှိစေရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရက်(၁၀၀)စီမံချက် မဟာဗန္ဓုလလမ်းတစ်လျှောက် (ဗိုလ်မြတ်ထွန်းလမ်း နှင့်စန္ဒကူးလမ်းကြား)ရှိ အမြင်မတင့်တယ်‌သော Wi-Fi ကြိုးနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျ ရှိစေရေး ဆောင်ရွက်



ပုဇွန်တောင်၊ ဇွန်   ၂၂

အစိုးရသစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်‌ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း အမြင်မတင့်တယ်သော ဆက်သွယ်ရေး WiFi ကြိုးများနှင့် လျှပ်စစ် မီးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မဟာဗန္ဓုလလမ်းတစ်လျှောက်(ဗိုလ်မြတ်ထွန်းလမ်းနှင့် စန္ဒကူးလမ်းကြား) ဆက်သွယ်ရေးတိုင်များ၊ လျှပ်စစ်ဓာတ်တိုင်များပေါ်တွင် သွယ်တန်းထားသည့် လမ်းဘေးဝဲယာရှိ ဆက်သွယ်ရေး WiFi  ကြိုးများနှင့်လျှပ်စစ်မီးကြိုးများ စနစ်တကျဖြစ်စေရေးအတွက် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းနှင့် WiFi Company ဝန်ထမ်းများပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။ 


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)